"ကျွီ!!.."
မာန် 8 နာရီကျော်သည်အထိ ဇုန်းစွန် ကိုစောင့်နေသော်လည်း ပြန်ရောက်မလာသေးတာကြောင့် သူတစ်ယောက်တည်းလှုပ်ရှားရတော့မည်။ တံခါးကိုဟန်ပါပါဖွင့်ရင်း မသိသလိုဟန်ဆောင်ကာအပြင်ထွက်လာလိုက်သည်။ ဒီအချိန် ဘော်ဒီဂတ်အားလုံးအပြင်ထွက်ခွင့်မရှိတော့တာမို့လို့ သူခိုးကြောင်ခိုးဝှက်တော့ လုပ်ရပေမည်။
"........"
အဆောင်၏ ဘေးဘီဝဲရာကိုတစ်ချက်ကြည့်ပြီး CCTV ရှိမရှိစူးစမ်းကြည့်လိုက်သည်။ အဆောင်က အနည်းငယ်ကျယ်ပြီး တောင့်စွန်းတွင်သာ ရှိသည်မို့ သူရှောင်ထွက်သွားလို့ရနိုင်သေးသည်။
"......."
သူအိတ်ကပ်ထဲ ဟန်ပါပါလက်ထည့်ပြီး ပုံမှန်ပင်လျှောက်လှမ်းလိုက်သည်။ အနက်ရောင် ဂျက်ကတ်နှင့် ဂျင်းကိုတွဲဝတ်ထားပြီး ရှည်လျားသည့်အရပ်ရယ်၊ ဆံသားခပ်ကောက်ကောက်တွေကြောင့် သူဟာသူဌေးသားတစ်ဦးအသွင်...။
"......."
သူသတိထားကာ လျှောက်လှမ်းရင်း လက်နက်ခန်းရှေ့သို့ရောက်ရှိသွားသည်။ ထူးဆန်းသည်က အစောင့်တွေရှိမနေခြင်းပင်...။
သူတံခါးဘောင်ကိုမှီရပ်လိုက်ပြီး တခဏငြိမ်သက်နေလိုက်သည်။ ဒီအထိကို ချောချောမွေ့မွေ့ရောက်လာတာ ကံကောင်းတာလား....။ ထောင်ချောက်လား...။".........."
အိတ်ကပ်ထဲမှ ကဒ်ပြားလေးတစ်ခုကိုထုတ်လိုက်ပြီး လော့ဒ် ဖွင့်သည့်စခရင်နားထေ့လိုက်သည်။ ထိုအခါ
တံခါးဟာ ဂျောက်ခနဲမြည်သံနှင့်အတူပွင့်လာသည်။ ထိုကဒ်ကို ဘော်ဒီကတ်တိုင်းပေးထားတာမဟုတ်သော်လည်း သူ့မှာရှိနေရခြင်းက ရိုးရှင်းသည်။ သူငယ်ငယ်ကတည်းက ခါးပိုက်နှိုက်လေ့ကျင့်လာတာ....။ သူ့အတွက် ဒါဟာ ခိုးဆိုးလုရက်တာမဟုတ်ဘဲ ပါးနပ်မှုတစ်ခုလို့ ယူဆထားသည်။"........"
တံခါးပွင့်သည်နှင့်အထဲကို အမြန်ဝင်လိုက်သည်။ ပြီးနောက်မှာတော့ လက်နက်မျိုးစုံတွေကြားမှ ထိုငွေရောင်စိန်စီသေနတ်လေးအနား အမြန်သွားလိုက်သည်။ သူမကောင်းတာလုပ်ဖူးတယ်ဆိုသော်လည်း ကြီးမားသည့်အရာမျိုး သူမကျူးလွန်ဖူးခဲ့ပေ...။
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"