"ထွီး!!.. "
မြေပေါ်မှ တံတွေးထဲ နီရဲရဲသွေးတွေကိုမြင်လိုက်သည့်နောက်မှာ မာန် တစ်ယောက်မျက်မှောင်ကြုတ်လိုက်သည်။ သူကန်ခံရတာ မကြာသေးဘူး ။ အခုထပ်ထိုးခံလိုက်ရတယ်ဆိုတော့ သူ့သွားတွေ ခိုင်ပါဦးတော့မလား....။
"အာ.... Shit!!..."
"မင်းကကြောင်တောင်တောင် ကိုယ့်သူဌေးကိုတောင် ကိုယ်မေ့ရတယ်လို့..."
ဇုန်းစွန် ၏ပြောင်စပ်စပ်စကားသံနောက်မှာ မာန် ပါးကိုအသာကိုင်ရင်းပြန်ဖြေလိုက်သည်။
"ငါကငါ့အလုပ်နဲ့နေသားမကျသေးဘူးလေ... ပြီးတော့ မင်းကငါ့ကို အသိပေးတာမဟုတ်ဘူး!.."
"အမယ်... ငါနင့်ကို အသိပေးတာဘဲ!.. မင်းမျက်လုံးကမှငါ့ကိုမကြည့်တာ....."
"အဲ့လိုဆိုပေမဲ့လည်းကွာ.... "
"မင်းဘဲမှားတာလေ... အလုပ်ထဲမှစိတ်မနစ်ထားတာ... နည်းတောင်နည်းသေးတယ်..."
"ဘောကိုနည်း!..."
သူဘောက်ဆတ်ဆတ်ပြန်ပြောတော့ ဇုန်းစွန် ကမထိတထိပြုံးရင်း သူ့ကိုစနောက်နေပုံ...။သူကလည်း ဘယ်လိုတောင် သူ့သူဌေးဆိုတာကို မေ့လျော့လိုက်မိတာလည်းမသိဘူး...။
"ဇုန်းစွန်... မင်းကို သခင်လေးခေါ်နေတယ်.."
"!!?...."
သူတို့ထံလျှောက်လာသည့် ဘော်ဒီဂတ်တစ်ဦးအသံကြောင့် သူတို့နှစ်ဦးသားငြိမ်နေလိုက်မိသည်။ မာန် ဇုန်းစွန် ကိုကြည့်လိုက်သည့်နောက်မှာ မျက်မှန်အောက်မှ မျက်ဝန်းညိုဟာ တစ်ခုခုတုန်လှုပ်သွားဟန်ရှိသည်။
"လာခဲ့မယ်.."
ပြောင်စပ်စပ်ပုံစံကနေ မျက်ခုံးအသာကြုတ်ရင်း တည်တံ့သွားသည့် ဇုန်းစွန် ကို မာန် အသေအချာစူးစမ်းကြည့်နေသည်။
"ငါတစ်ချက်လိုက်သွားလိုက်ဦးမယ်..."
သူ့ကိုပြုံးပြနေသော်လည်း သူ့စိတ်ထဲ အားယူပြုံးနေသည်ဟုသာထင်နေရသည်။ ဘာကြောင့်လဲ...။
"အေအေ.... ပြီးရင် အခန်းထဲပြန်လာခဲ့... ငါတိုင်ပင်စရာရှိတယ်..."
"အေးပါကွာ...."
သူ့ကိုလက်ကာပြကာထွက်သွားသည့် ဇုန်းစွန် ကိုမြင်ကွင်းကနေပျောက်သည်အထိစိုက်ကြည့်နေလိုက်သည်။ သူတို့အလုပ်ချိန်ပြီးသွားပြီလေ...။ ခေါ်ပြီးဘာလုပ်ရဦးမှာလဲ...။
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"