"ဒါကလက်နက်ခန်း.... ကြိုက်တာကိုတစ်ခုရွေးပိုင်ခွင့်ရှိတယ်.."
ပြောလာသည့် အိမ်တော်ထိန်း ကိုသူတို့ခေါင်းသာအသာငြိမ့်ပြလိုက်သည်။ ပြီးနောက် ညွှန်ပြရာအသီးသီးကြည့်လိုက်သည့်နောက်မှာ...။
"ဝိုး!!... တကယ်အစစ်တွေဟ!..."
"ဟုတ်တယ်ကွာ..."
စဉ်ပေါ်ရော နံရံစဉ်တွေပေါ်တင်ထားသည့်မြှောက်များလှသည့်လက်နက်အမျိုးအစားကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြသည်။ ပစ္စတိုအမျိုးအစားများစွာနှင့် စနိုက်ဘာမျိုးစုံကိုတွေ့လိုက်ရသည့်နောက်မှာ သူတို့မျက်လုံးကိုတောင်သူတို့မယုံနိုင်...။ စစ်တပ်လည်းမဟုတ်ဘဲ ဘာလို့သေနတ်ဒီလောက်များရသနည်း။ သူစဉ်းစားမရပေ...။
"??!...."
လင်းကျင်းနေသည့် ဖန်လုံးတစ်ခုမှ သေနတ်တစ်လက်ကို သူမြင်လိုက်ရသည်။ ထိုပစ္စတိုသေနတ်ဟာ တခြားသေနတ်တွေနှင့်မတူဘဲ သီးသန့်ထားရှိ ထားပုံကတစ်မျိုး ဆန်းနေသည်။ ဘာလို့မှန်းမသိ ထိုငွေရောင်သေနတ်လေးဟာ သူ့စိတ်ကိုညို့ယူနေသလိုပင်...။
"စိန်တောင်စီးထားတာဟ..."
သူရှေ့တိုးလှမ်းမိတော့ သူ့လက်မောင်းကို ဖမ်းကိုင်လာသည့် အိမ်တော်ထိန်း...။ သူ့ကိုခက်ထန်ထန်ကြည့်နေကာ အနောက်သို့တွန်းထုတ်လိုက်သည်။
"မင်းနဲ့ တိုက်တန်တဲ့ပစ္စည်းဘဲမင်းယူ!.. ဒါက သခင်တစ်ယောက်တည်းကိုင်ခွင့်ရှိတယ်!..."
"ဒါဖြင့်လည်း -ီးမို့ ဒီနေရာလာထားထားတာလား သီးသန့်နေရာမှာ မီးခံသေတ္တာနဲ့ပိတ်ပြီးသိမ်းထားပါလား!.. ဖင်ခေါင်းကျယ်လိုက်တာ!..."
သူဒေါသတကြီးဆိုလိုက်တော့ သူ့နားထင်ပေါ်ရောက်လာသည့် သေနတ်ထိပ်တွေ။ သူပြောတာလည်း မမှားဘူးလေ...။ မထိစေချင်ရင်လည်း သီးသန့်နေရာသိမ်းထားပါလား။ ဒီလိုပစ္စည်းမျိုးလူတိုင်းထိချင်မှာဘဲကို...။
"မင်းအသက်ဆက်ရှင်ချင်ရင် မင်းနှုတ်ကိုလည်း မင်းစည်းထားတတ်ရမယ် ဟေ့ကောင်!.. သခင် ကြောင့်သာမဟုတ်ရင် မင်းလိုကလေကချေကောင်ကိုငါခေါ်မယ်ထင်နေလား!! ရေအိုင်ပုတ်ထဲကငါးက ကန်ထဲလွှတ်ရင်တောင် အိုင်ပုတ်ကိုတမ်းတနေဦးမှာဘဲ!.. "
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"