" မင်းပုံစံကလည်းကွာ... မနက်စောစောစီးစီးမလန်းမဆန်းနဲ့... "
မာန် သူ့ဘေးဘက်ကုတင်ပေါ် ငုတ်တုတ်ထိုင်နေသည့် ဇုန်းစွန် ကိုဝတ်စုံဝတ်နေရာကနေပြောလိုက်သည်။ သူတို့က နှစ်ယောက်တစ်ခန်းဖြစ်ပြီး အခန်းကသိပ်မကျယ်။ တစ်ယောက်အိပ်ကုတင်နှစ်လုံးဆံ့ရုံနှင့် လူတစ်ယောက်ဖြတ်လျှောက်ရုံသာကြားတွင် ခြားနေသည်။
"မင်းက အမြဲတက်ကြွနေတာဘဲ... ဘာအကြောင်းတွေရှိနေလို့လဲ..."
"တက်ကြွတာက ကောင်းတယ်လေကွာ... မနက်ခင်းမှာတက်ကြွလန်းဆန်းနေမှပျော်စရာကောင်းတာကွ..."
"ငါတော့အဲ့လိုမထင်ပါဘူး..."
စကားနည်းသူပီပီ ဇုန်းစွန် ဟာထိုင်နေလျက်ပင် သူ့ကိုမော့မကြည့်..။ တစ်ခုခုတော့ထူးခြားနေသည်။ အမြဲသူ့ထပ်နိုးတတ်ပြီး ပြင်ပြင်ဆင်ဆင်နေတတ်သည့် ထိုကောင်လေးဟာ အခုတော့ ငိုင်တိငိုင်တိုင်ဖြစ်နေသည်။
"မင်း ညကဘယ်အချိန်ပြန်လာလဲ... ငါစောင့်နေတာကိုးနာရီထိုးတော့မယ်..."
"........"
တိတ်ဆိတ်နေသည့် ဇုန်းစွန် ကမျက်ခုံးအသာကြုတ်လိုက်ပြီး လေးတောင့်ကျကျမျက်မှန်ကို အသာလှမ်းယူသည်။ သေချာနားစွင့်ရင် သက်ပြင်းချသံကို ကြားရပေလိမ့်မည်။
"ငါ... လက်နက်ခန်းထဲဝင်ခဲ့ဝာာ.."
"ဘာ?... မင်းကအဲ့အခန်းထဲဘာဝင်လုပ်တာလဲ..."
"ငါ အဲ့ငွေရောင်သေနတ်ကိုကြိုက်လို့ကွ..."
ထိုအခါ ဇုန်းစွန် ကအထိတ်တလန့်ဖြင့်သူ့ကိုလှမ်းကြည့်သည်။
"မင်းမယူခဲ့ပါဘူးနော်..."
"ငါမယူပါဘူးကွာ... ဒီအတိုင်းကြည့်ဘဲကြည့်ခဲ့တာ..."
"မင်းကွာ!.. လူမိရင် မင်းခေါင်းပြုတ်မှာဟ! "
"ငါအခုအကောင်းကြီးရှိသေးတယ်လေ...."
ဇုန်းစွန် ကအနက်ရောင်ကုတ်ကိုဝတ်ရင်း မျက်မှောင်ကြုတ်လာသည်။
"အဲ့သေနတ်ကို VV လေလံပွဲမှာတင်ပြဖို့အတွက် သိမ်းထားတာကွ!.."
"ဟမ်း?... VV လေလံပွဲ?..."
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"