KK မြို့တွင် စီးပွါးရေးအဖွဲ့အစည်းအတော်များများရှိသည့်မြို့ဖြစ်သည်။ စီးပွါးရေးသမားတွေကြောင့် မြို့၏ချမ်းသာမှုနှုန်းကတစ်နှစ်လျှင် ၆၀ ရာခိုင်နှုန်းလောက်အထိမြင့်တက်လေ့ရှိသည်။ ထိုသို့ဆိုသော်လည်း စီးပွါးရေးသမားတွေကြောင့် ငွေမည်းတွေပေါလာပြီး သာမာန်လူတန်းစားတွေဟာ မြေစာလိုဖြစ်လာရသည်။ ငွေကသာ အရာရာဆိုသည့် ဥပဒေတောင်ထုတ်လို့ရသည့်အနေအထားတွင်ရှိနေသည့် မြို့တစ်မြို့...။
"တောက်!.. တောက်!.. တောက်!...."
ဖိနပ်သံတွေဟာ ကုမ္ပဏီအတွင်း ပျံ့နှံ့သွားရပြီး ဦးတည်ရာဟာ စီအီးအို ရုံခန်း...။ "The King" ၏ကုမ္ပဏီရုံခန်းတွင်ဖြစ်သည်။ အနက်ရောင်လူနှင့် အသက်ကြီးပိုင်းအမျိုးသားတစ်ဦးဟာ ရုံးခန်းထဲဝင်လာသည့်နောက်မှာ ထိုစားပွဲပေါ်မှ အမျိုးသားတစ်ဦးက အသာထပြီး နှုတ်ဆတ်သည်။
"ဒယ်ဒီ..."
"အခြေအနေဘယ်လိုရှိလဲ..."
မင်းအာဏာသျှမ်း ဖခင်ဖြစ်သူ၏မေးခွန်းအဓိပ္ပာယ်ကိုသိလိုက်သည့်နောက်မှာ သက်ပြင်းချလိုက်သည်။ တစ်ပြိုင်နက် မျက်နှာချင်းဆိုင် ဆိုဖာပေါ်ထိုင်လိုက်ပြီး တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
"အခုထိ ရှာမရသေးဘူး ဒယ်ဒီ... "
"ဘယ်လောက်အထိကြာမှာလဲ.. လေလံပွဲက မကြာခင်စတော့မှာ... နောက်ကျကျန်နေလို့မဖြစ်ဘူး သျှမ်း..."
"ကျွန်တော်လည်းရှာနေပါတယ် ဒယ်ဒီ ... တစ်ချို့နည်းပညာသမားတွေကို တခြားအဖွဲ့အစည်းကလည်း စုဆောင်းနေပြီလို့ကြားတယ်... ဒါကြောင့် ရှာရခက်လာတာဖြစ်မယ်..."
"နည်းပညာဆိုတာ ကုမ္ပဏီတစ်ခုရဲ့ အခြေအမြစ်ဘဲ သျှမ်း... ရအောင်ရှာ... မဟုတ်ရင် ဒီလေလံပွဲမှာ မင်းအရေးနိမ့်လိမ့်မယ်..."
"ကျွန်တော်ခန့်မှန်းမိပါတယ် ဒယ်ဒီ... ဒါပေမဲ့ စိတ်အေးအေးထားရအောင်... ဒီလောက်တိုးတက်နေတဲ့ မြို့ထဲ တစ်ယောက်ယောက်တော့အဆင့်မှီမှာပါ..."
"စိတ်အေးအေးမထားနိုင်ဘူး သျှမ်း... M System ကရှုပ်ထွေးပြီး ခန့်မှန်းရခက်တယ်..."
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"