"ဒိုင်း!!.. ဒိုင်း!....."
တိမ်လွှာ ထိုကျားရိုင်းတစ်ကောင်လိုအကြည့်နှင့် ကောင်လေးကို အသားငေးကြည့်လိုက်မိသည်။ ဖန်မီးသီးတွေအောက်မှ ဆံသားကောက်ကောက်တွေဟာတစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိစေသည်။ ထိုအနောက်တိုင်းဝတ်စုံဟာ အံခွင်ဝင်ကျနှင့် ပုံကောင်းကောင်းထွက်မှန်း သူအခုမှသိတော့သည်။
"အဲ့မှာ ဘာရပ်လုပ်နေတာလဲ!!.. ကြောက်ပါတယ်ဆို အရေးထဲ!..."
"!!!??....."
ဦးတိမ်လွှာ အောက်ကို လှမ်းကြည့်သည့်အခါ ဂျယ်လီပေတံလို ကတုန်ကယင်ဖြစ်နေသည့် မာန် ၏ခြေထောက်ကွေးကွေးတွေကို တွေ့လိုက်ရသည်။ တကယ်ကိုဘဲ ဒီကောင်ဟာ သူ့ကို အပြီးထိ ချီးကျူးခွင့်လေးတောင်မပေး...။
မျှော်လင့်မိတဲ့သူကသာ မှားတာ...။ဦးတိမ်လွှာ ထိုကောင်လေးဆီအမြန်ပြေးသွားလိုက်ပြီး အပြင်ထွက်ရန်ပြင်တော့သည်။ သို့သော် သူတို့က အလယ်ထပ်ကအတွင်းကျကျမှာ...။
"ဒီကိုလာ!!..."
"!!?......"
ဖန်ပြတင်းပေါက်ကို ဖွင့်ကာပြောလာသည့်ထိုကောင်လေးကို သူကြောင်တောင်တောင်ကြည့်လိုက်သည်။ နှစ်ထပ်က နည်းနည်းတော့ မြင့်တယ်မဟုတ်ဘူးလား...။ ဒီအတိုင်းခုန်ချရင် တစ်ခုခုတော့ ထိမှာဘဲ...။
"မြန်မြန်လာ!.. ဘိုးတော်ရဲ့!!..."
သူ့လက်ကောက်ကိုဖမ်းဆွဲပြီး ခုန်ချစေသည်အထိ သူဘာမှမပြောမိ..။ သူအားမရှိတော့တာဆိုမှန်သည်။ မှန်ခုံးပေါ်တက်ဖို့အထိ သူ့မှာအားမရှိ..။ သူ့ခြေထောက်တွေဟာ တစ်နည်းနည်းနှင့် ထုံကာပျော့ပျောင်းလာသည်။
"ဟေ့!!....."
ကြမ်းပြင်ပေါ်ခွေကျသည့်အခါ ထိုကောင်လေးကသူ့ကို ထိန်းကိုင်လာသည်။ သူလည်တိုင်မှ ခပ်စူးစူးနေရာက ယားယံလာပြီး ကုတ်ဖဲ့ချင်လာသည်။ သူဆေးတစ်ခုခုနှင့် မိခဲ့ပုံပေါ်သည်။
"အဘိုးကြီး!.. အဘိုးကြီး!... "
သူ့ကို လှုပ်ရမ်းနေတာ အန်ထွက်တော့မတတ်ပင်။ သို့သော်လည်း သူစကားပြောဖို့လည်းအားမရှိ...။ ထိုကောင်လေးရဲ့ ပုခုံးကို အသာပုတ်ကာပင် သူ့ကိုပြတင်းပေါက်ခုံးပေါ်တင်ရန် အချက်ပြလိုက်သည်။
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"