"တောက်!.. တောက်!.. တောက်!.."
စဉ်းတုံးပေါ်မှ အသားခုတ်သံ တစ်တောက်တောက်က ဆူညံစွာထွက်ပေါ်နေသည်။ ထို့အပြင် မီးတစ်ဝင်းဝင်းတောက်နေသည့် မီးဖိုပေါ်မှ ထင်းပေါက်သံတွေဟာ တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ထဲ ကျယ်လောင်နေလျက်။ အေးစိမ့်နေအောင်တိုက်နေသည့် လေစိမ်းတွေကြား အရက်သေဆာဟာ ရင်ပူစေသည့် ဆေးတစ်ခွက်ဖြစ်ကောင်းဖြစ်မည်။
ဇုန်းစွန် ပန်းကန်ထဲ ဝက်သားကင်တွေကိုထည့်ရင်း မီးဖိုဘေးမှ မာန့် ကိုကြည့်လိုက်သည်။ ပြန်ရောက်ကတည်းက တမှိုင်မှိုင်နှင့် အတွေးထဲနစ်နေပုံပေါ်သည်ကြောင့် သူသက်ပြင်းချနေရသည်။ ဒီလို မြင်ရတော့လည်း သူစိတ်ထဲမကောင်း...။
ထိုနယ်မြေထဲမှာ ဘာတွေကြုံခဲ့ရလို့လဲ...။"မာန်....."
သူ မာန့် ဘေးသို့အသာသွားကာထိုင်လိုက်သည်အထိ မာန် ဟာသူ့လက်ထဲမှ ကင်ထားသည့် ပေါင်သားကိုသာကိုင်ထားရင်း အရှေ့ကိုစိုက်ကြည့်နေသည်။ အသားတွေကို တမြုံမြုံဝါးနေသည့် မာန် ဟာ သတိရောရှိရဲ့လားပင်...။
"ဟေ့ကောင်!..."
သူပုခုံးကို အသာပုတ်ရင်းခေါ်လိုက်သည့်နောက်မှာ သူ့ပါးဦးတည်လွဲချလိုက်သည့် တံတောင်ရိုက်ချက်...။
"!!......."
"!!......."
သူအမြန်ရှောင်လိုက်လို့သာ ထိုရိုက်ချက်ကိုရှောင်လို့ရသွားတာ...။ မဟုတ်ရင်မတွေးရဲစရာ ဖြစ်တော့မည်။
"ငါ့-ီးဘဲ!.. ငါ့ကိုလန့်အောင်လာမလုပ်နဲ့ဟ!!..."
မျက်မှောင်ကြုတ်ကာ ဒေါသထွက်သွားဟန်ရှိသည့်မာန် ကြောင့် သူဘေးကို နည်းနည်းရွှေ့သွားလိုက်သည်။ ဒီကောင်က ချိန်ကိုက်ဗုံးတစ်လုံးနှင့်တူသည်မို့ သူငယ်ချင်းဆိုရင်တောင် ခပ်ဝေးဝေးနေရသည်။
"မင်းဘာဖြစ်နေတာလဲ... ပြန်ရောက်ကတည်းက ငြိမ်နေတာ မင်းမဟုတ်သလိုဘဲ..."
" ငါတွေးနေတာ... အဲ့တောအကြောင်းကို..."
"အဲ့တောက ဘာထူးဆန်းလို့လဲ.. အနည်းဆုံးသတ္တဝါတွေဘဲရှိမှာပေါ့..."
"သတ္တဝါက မှန်တယ်.. တခြားမကောင်းဆိုးဝါးတွေလည်းရှိနိုင်တယ်ဟ..."
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"