Chapter 56 အန္တရာယ်များနိုင်တယ် (၂)

45 3 0
                                        

ခွန်း၏ ထွက်ခွာသွားသောပုံရိပ်ကို စောင့်ကြည့်ပြီးနောက် အယ်လီနာ သူ(မ)အခန်းထဲ ပြန်လှည့်လာခဲ့သည်။

ကာလိုင်းအား လုံခြုံစေရန်မှာ အစကတည်းက သူ့ကို အန္တရာယ်များသောနေရာသို့ သွားခွင့်မပြုခြင်းပင်။ ၎င်းက ပြဿနာဖြေရှင်းဖို့အတွက် အကောင်းဆုံးအကြံဖြစ်သော်လည်း နောက်ထပ်ရွေးချယ်စရာရှိမရှိကို ရှာဖွေရမည်။ ကာလိုင်းကို သူ(မ)ကိုယ်တိုင်ဘေးကင်းလုံခြုံအောင် မထားနိုင်သရွေ့ စိတ်အေးနိုင်မည်မဟုတ်ပေ။

သံချပ်ကာများ ဝှက်ထားသောနေရာကို ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်၏။ နောက်တစ်ကြိမ်ထပ်ပြီး ရုပ်ဖျက်ရမည့်အချိန်ကျရောက်လာပြီ။

နောက်ဆုံးတော့ နေမင်းကြီးက မိုးကုပ်စက်ဝိုင်းထဲ ဝင်ရောက်သွားခဲ့ပြီ။ မှောင်မိုက်သိပ်သည်းနေသော ညအချိန်မှာ အနက်ရောင်သံချပ်ကာနှင့် အယ်လီနာသည် ကာလိုင်းအား သွားရောက်ကယ်တင်ခဲ့သည့် ထိုနေ့ကလိုပင်။ ခေါင်းဆောင်းနှင့်ဆို သူ(မ)ကို မည်သူမှမမှတ်မိနိုင်သလို သံချပ်ကာဝတ်စုံနှင့် ယောက်ျား၊ မိန်းမခွဲဖို့တောင် ခက်ခဲပေလိမ့်မည်။

သူ(မ)၏ယခင်ဘဝတုန်းက ရန်သူများ မှတ်မိသွားခြင်းမရှိစေရန် သူ(မ)၏ရွှေအိုရောင်ဆံနွယ်များကို ဖုံးကွယ်ထားတတ်၏။ ကံကောင်းစွာဖြင့် ယခင်ဘဝအတွေ့အကြုံကြောင့် လက်ရှိမှာ အဆင်မပြေတာမျိုး မရှိခဲ့ပေ။ လေးလံသော ချပ်ဝတ်တန်ဆာများနှင့် တိုက်ခိုက်ရသည်က အလွန်ခက်ခဲပြီး သက်သောင့်သက်သာမရှိပေ။

အယ်လီနာ ကာလိုင်းကိုကယ်တင်ရန် တစ်ခါ ကိုယ်ယောင်ဖျောက်ခဲ့ဖူး၏။ ယခုတစ်ကြိမ်တွင် တောင်ပိုင်းရှိ ဘလေဆယ်အိမ်တော်၌မဟုတ်ဘဲ သူရဲကောင်းများ သိပ်မရှိသည့် မြို့တော်ရှိအိမ်တော်မှာ ဖြစ်နေသည်က ကံကောင်းသည်ဟုဆိုရမည်။

အယ်လီနာ ခွန်းလုပ်သလိုမျိုး ပြတင်းပေါက်ကနေ ခုန်ချလိုက်၏။ ချပ်ဝတ်တန်ဆာက အနည်းငယ်သက်သောင့်သက်သာမရှိသော်လည်း သူ(မ)က ကြောင်လေးတစ်ကောင်လို အိမ်တော်ကနေခိုးထွက်ရန် ပျော့ပျောင်းလှပေသည်။ အယ်လီနာ မည်သူမှမရှိသောနေရာသို့ ဂရုတစိုက်သွားလိုက်၏။

ပြန်လည်မွေးဖွားလာသော အမျိုးသမီးသူရဲကောင်းOnde histórias criam vida. Descubra agora