*Love*
⭕**အသက်မပြည့်သူများ ဖတ်ရှူရန်မသင့်တော်သော ဇာတ်၀င်ခန်းအချို့ ပါ၀င်သည်**⭕
........
ရာသီဉတုက ခိုက်ခိုက်တုန်အောင်ချမ်းတဲ့နေ့ဖြစ်သည်။ ဟန်ဆိုး ကျောင်းသန့်ရှင်းရေးလုပ်ရမယ့်တာ၀န်ရှိတာကြောင့် ဖိနပ်ကြိုးကို ဖြစ်သလိုချည်ကာ အိမ်မှ စောစောထွက်ခဲ့သည်။ ကိုးရီးယား၊အမေရိကန် ကပြားမို့ အထည်ဆိုင်ရှေ့က ဘိုရုပ်လေးတွေလို မျက်နှာလှလှလေးရှိပြီး တက်ကြွ၍ဖော်ရွေတဲ့ကလေးဖြစ်သည်။
စာတော်တဲ့ထဲမပါပေမယ့် ပေါင်းတက်သင်းတတ်လို့ လူချစ်လူခင်များသလို၊ အစားမက်တဲ့ သာမာန်ကျောင်းသားတစ်ယောက်သာဖြစ်၏။*ဘုတ်!*
"အာ့!"
ကျောင်းရှေ့မှ မှောက်ယက်လဲတဲ့ ချွဲဟန်ဆိုး ရှေ့သွားလေးတစ်ချောင်း နဲ့သွားပေမယ့် အိုခေနေဆဲ၊ ကိုယ့်ဟာကိုယ်ကုန်းရုန်းထလို့ နောက်ကျရင်ကျောင်းကောင်စီကပေးမယ့်ပြစ်ဒဏ်ကိုသာကြိုကြောက်နေ၏။
ထိုအချိန် ဟန်ဆိုးရှေ့ရောက်လာတဲ့ လက်ဖောင်းဖောင်းလေးတစ်ဖက်..."ထလေ.."
"ကျေးဇူးပဲ...."
ထိုလက်လေးကို အားပြုထလို့ ကူညီသူကို နှုတ်ဆက်လိုက်၏။
"ငါကဟန်ဆိုး"
"အွန်း သိတယ်၊ ငါက ဆွန်းဂွမ်၊ အရင်တစ်ပတ်ကမှ ကျောင်းပြောင်းလာတာ "
"အဲ့တာမို့ မမြင်ဖူးပါဘူးထင်နေတာ၊ ဘယ်အတန်းကလဲ"
"၁၀တန်း"
"ဟင် အတူတူပဲ သူငယ်ချင်းလုပ်ကြမလား"
"ကောင်းသားပဲ"
နမော်နမဲ့နိုင်တဲ့ဟန်ဆိုးက သူငယ်ချင်းအသစ်စက်စက်လေးကို ပြုံးပြရင်းမှ ...
"ဟာ သွားပြီ၊ ငါနောက်ကျပြီ... နောက်မှတွေ့မယ်နော် ဆွန်းဂွမ်နား"
ပြာပြာသလဲနဲ့ လက်ပြနှုတ်ဆက်လို့ ပြေးထွက်မယ်ကြံလေတော့ ဆွန်းဂွမ်က သူ့ကိုဆွဲထားပြီး အရှိန်သပ်စေသည်။
"နေဦး မင်းဖိနပ်ကြိုးက...ဒီတိုင်းသွားရင် ထပ်လဲလိမ့်မယ်"
ပြောေပြာဆိုဆိုနဲ့ ပြေနေတဲ့ဖိနပ်ကြိုးကို ကောက်ချည်ပေးလိုက်ပြီး အတူတူသွားမယ်လို့ဆိုကာ ဆွန်းဂွမ်အဖော်ညှိခဲ့သည်။