*Will be*
.......
နယ်မှ မိဘများ နေမကောင်းလို့ဆိုသော အကြောင်းပြချက်နဲ့ ဆွန်းဂွမ်ကျောင်းပျက်တာ တစ်ပါတ်ကြာမြင့်ခဲ့လေပြီ။
တစ်နေ့စာကို တစ်နေ့ပုံမှန်လိုက်မှတ်၍ ထိုမှတ်စုကို mailမှတစ်ဆင့်ပေးပို့သော်လည်း ၀င်မဖတ်တဲ့ ဆွန်းဂွမ်ကြောင့် ဟန်ဆိုးစိတ်ပူရပါသည်။"ဟန်ဆိုး ဆွန်းဂွမ်နီး ဘယ်တော့လောက်ပြန်လာမယ်တဲ့လဲ"
စီနီယာ မင်ဂယူနဲ့ ကန်တင်းမှာ တွေ့တုန်း မေးလာတာမို့ ဟန်ဆိုး ခေါင်းခါပြလိုက်သည်။
"မသိဘူး"
"မင်းနဲ့အဆက်သွယ်မရဘူးလား"
"အွန်း"
"ကိုကို..."
ဒါဟယ်ရောက်လာတာမို့ စီနီယာနဲ့ စကားစပြတ်သွားပြီး ဟန်ဆိုးလည်း ထိုနေရာကထွက်လာခဲ့သည်။ ဒါဟယ်နဲ့အတူ စာအုပ်ဆိုင်၀င်မယ် ကတိပေးထား၍ ဒီနေ့ မေဂျာတစ်ချိန်ဖြတ်ထားတာဖြစ်၏။
ဆိုင်ထဲရောက်တော့ စာအုပ်တွေစီရီနေတဲ့ထဲ ဒါဟယ်ကလည်း သူ့အကြိုက်သူရှာလို့ ဟန်ဆိုးကလည်း ကိုယ်ဖတ်ချင်တာ ကိုယ်၀ယ်လေသည်။
"ဒါပဲမလား၊ ဘာလိုချင်သေးလဲ"
"ပြီးရင် နေ့လည်စာသွားစားမယ်လေ အသစ်ဖွင့်ထားတဲ့ အသားကင်ဆိုင် အရမ်းကောင်းတယ်တဲ့"
ဟန်ဆိုးလက်မောင်းကိုချိတ်တွဲရင်း မူနွဲ့စွာပြောလာတာမို့ နှဖူးလေးကို အသာတောက်လိုက်သည်။
"အွန်း.."
"အွန်းဆိုတာကဘာကြီးလဲ ၀ယ်မကျွေးချင်တာလား"
"အဲ့လိုဖြစ်စရာလားကွာ ၊ ကိုကိုက ဒီတိုင်း ဒါဟယ့်သဘောလို့ပြောတာ"
"ဟီး ပြီးရော..."
"ဒါနဲ့ အရင်တစ်ပါတ်ကကိစ္စ တကယ်တကယ် တောင်းပန်ပါတယ်နော် ။ အဲ့နေ့က လိုက်ချင်ပေမယ့် မေမေက အပြင်ပေးမထွက်လို့ပါ ကိုကိုစိတ်မဆိုးဘူးမလားဟင်"
"မဆိုးပါဘူး ဒါပေမယ့် ကိုကိုက ဒါဟယ်သွားချင်တယ်ဆိုလို့ လက်မှတ်တောင် မရမကရှာ၀ယ်ထားရတာကို"
"အာရီဂူး တောင်းပန်ပါတယ်နော်၊ အဲ့တော့ လက်မှတ်တွေ အလကားဖြစ်သွားရောလား"
