*stop*
.....
လူတိုင်းကအမှားနဲ့မကင်းတာ ဆွန်းဂွမ်သိသည်။ မနေ့ကဟန်ဆိုးကို ဝမ်းနည်းအောင်လုပ်ခဲ့မိတာအတွက်လည်း သူ့စိတ်က နောင်တရ၏။ သို့သော်လည်း တောင်းပန်ဖို့ထိမတွေးထားခဲ့ချေ။
ဒီနေ့က အတန်းချိန်ရှိတာမို့ မနက်ပိုင်းအလုပ်ကိုသွားပြီး နေ့လည်ကျ ကျောင်းကိုပြန်လာရမည်ဖြစ်သည်။ သေချာပေါက် စာသင်ခန်းထဲတွင် ဟန်ဆိုးနဲ့ မျက်နှာချင်းဆိုင်ရပေဦးမည်မို့ နည်းနည်းတော့ အခက်တွေ့မိပါ၏။
စာသင်ချိန်ရောက်တော့ သူထင်တဲ့အတိုင်းပင်၊ ဟန်ဆိုးက မျက်နှာချင်းဆိုင်လမ်းကနေ အခန်းဘက်ဦးတည်လာ၍ တံခါး၀၌ဆုံလေသည်။ထပ်ပြီးရှောင်နေရင်လည်း သူတို့ကြားကလေထုက ထူးဆန်းသွားမည်မို့ ဆွန်းဂွမ်မရှောင်ရှားတော့ပေ။ ဟန်ဆိုးကလည်း ထုံးစံအတိုင်း သူ့ဘေးမှာသာ ၀င်ထိုင်လို့ ဒူးနှံ့ကာ သက်သောင့်သက်သာနေလေ၏။
နေသာတဲ့နေ့မို့ ရာသီဉတုကခပ်အိုက်အိုက်တော့ဖြစ်ပါရဲ့ ဆွန်းဂွမ်မှာတော့ အပူဒဏ်ကိုမခံစားခဲ့ရ။ ဘေးနားကဟန်ဆိုးမှ တစ်ချိန်လုံးစာအုပ်နဲ့ယပ်ခတ်ပေးခဲ့တာေကြာင့်ဖြစ်ေလသည်။ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေပဲဖြစ်ပါသော်ညား ပြောင်းလဲသယောင်ရှိသွားသည်က သူတို့ကြားကဆက်ဆံရေးတစ်ခုသာမို့ ဆွန်းဂွမ် သက်ပြင်းချခဲ့မိသေး၏။
အတန်းချိန်ပြီးတော့အိမ်ပြန်ရမှာမို့ ကားမှတ်တိုင်ထိ အတူသွားကြသည့်တိုင် သူတို့နှစ်ဦးစကားတစ်ခွန်းမှ မပြောဖြစ်ခဲ့ကြ။ ဆွန်းဂွမ်ကလည်း ကိုယ့်လမ်းကိုယ်လျှောက်လို့ ဟန်ဆိုးကလည်း ခြေနှစ်လှမ်းအကွာမှ ထပ်ကြပ်မကွာ လိုက်လာခဲ့တော့သည်။
Busကားလာေတာ့ဆွန်းဂွမ်တက်လိုက်ပြီး မှန်ဘက်ခြမ်းမှခုံအလွတ်တွင် ၀င်ထိုင်လိုက်သည်။ ထိုအခါမှ အောက်ကိုကြည့်မိတော့ ဟန်ဆိုးက ကားပေါ်တက်မလာပဲ သူ့ကိုငေးစိုက်ကြည့်နေခဲ့ရာ အကြည့်ချင်းဆုံလို့ စက္ကန့်ပိုင်းမျှပင်မကြာလိုက်ပဲ ကားထွက်သွား၍ ဟန်ဆိုးတစ်ေယာက်ကျန်နေခဲ့တော့သည်။ လည်လိမ်ပြီးကြည့်လိုက်မိတဲ့ ဆွန်းဂွမ်မှာလည်း ဦးနှောက်ထဲတွင် မေးခွန်းများ စီတန်းပေါ်ပေါက်လာခဲ့တော့၏။