*never*
..
...မနေ့ကပြဇာတ်က ဒီနေ့အထိ အတောမသတ်နိုင်သေး။ ဟန်ဆိုးအလုပ်သွားဖို့ပြင်ဆင်နေချိန် ဆွန်းဂွမ်က သူလည်းလိုက်ပြီး မန်နေဂျာနဲ့တွေ့မယ်ပြောနေသည်။
"မဟုတ်ဘူး ချန်းကအထင်လွဲသွားတယ်ထင်တယ်။ မန်နေဂျာက အဲ့လိုမကောင်းတဲ့လူမဟုတ်ပါဘူး"
"အဲ့တာဆို မင်းပေါင်ကဒဏ်ရာတွေကရော"
"ဒီလိုပဲ သတိမမူပဲ တိုက်မိရင် ဖြစ်နိုင်တာမလို့ စိတ်ထဲထားမနေပါနဲ့ ပြီးတော့ ငါနာလည်းမနာဘူး"
"သေချာလား မင်းကိုအနိုင်ကျင့်တဲ့လူမရှိဘူးဆိုတာ"
"ငါကဘယ်အသက်ရွယ်မလို့လဲ။ .."
သို့သော် ဆွန်းဂွမ်ကသူ့စကားတွေကို သံသရကင်းပုံမရပဲ ခပ်စိုက်စိုက်ကြည့်နေ၍ ဟန်ဆိုးမှာ ဘေးကအီချန်းကို မျက်စပစ်ပြီး အကူညီတောင်းရတော့သည်။
"အ.အာဟုတ်ပါတယ် မင်းကလည်း။ ငါကဟိုနေ့ကဒီတိုင်းနောက်လိုက်တာပါ၊ ဘယ်သူကချွဲဟန်ဆိုးလိုလူမျိုးကို အနိုင်ကျင့်နိုင်မှာမလို့လဲ..ဒါပေမယ့်တစ်ခုရှိတာ အဲ့မန်နေဂျာအပျိုကြီးက သူ့ကိုအရမ်းကပ်ပြီး ဆွဲဆောင်နေတာလေ "
"ဟင် ဘယ်တုန်းက...။ မဟုတ်ဘူး ဆွန်းဂွမ် သူလျှောက်...အား!"
ရှေ့နေငှားမှ ထောင်လုံးလုံးကျတဲ့အဖြစ်၊ သူအမှန်တိုင်း၀န်ခံဖို့လုပ်တော့လည်း အီချန်းက သူ့ပေါင်ကိုအနောက်ကနေ ဆွဲဆိတ်ထားသည်။
"ပြီးတာပဲ မဟုတ်ရင်လည်း"
ဆွန်းဂွမ်ကတော့ စကားကိုဗလောင်းဗလဲပြောနေတဲ့သူတို့နှစ်ဦးအား မယုံကြည်တော့၍ လက်ရှောင်သွားပုံရသည်။
ထိုအခါမှ ဟန်ဆိုး ဘေးကအီချန်းအား ကျောကွဲအောင်ဗြန်းကနဲရိုက်ချလိုက်ေတာ့၏။ သူအစတည်းက အီချန်းကိုမယုံကြည်ခဲ့သင့်တာ။...
...ညနေရုံးကအပြန် လေးယောက်သားအချိန်းအချက်လုပ်ထားတာဖြစ်၍ ဖက်ထုပ်ဆိုင်နဲ့နီးသော အီချန်းနဲ့ဟန်ဆိုးက အရင်ရောက်နှင့်နေသည်။
"အခြေနေ"
"မထူးဘူး"
"ဘယ်လိုမထူးတာလဲ"