*Lost*
....
ဆွန်းဂွမ်ကိုမတွေ့ရတဲ့နေ့ရက်တွေကြာရှည်လာလေ ဟန်ဆိုးရင်မှာ ဟာတာတာနဲ့ နေရတာ မသက်သာဖြစ်လာလေသည်။ ကျောင်းကပြန်မဖွင့်သေးသော်ညား ဆွန်းဂွမ်မပါပဲကျောင်းတက်ရမယ့်နေ့တွေကို သူတွေးမကြည့်ခဲ့ဖူး။ တကယ်ဆို ဟန်ဆိုး ဒီအသက်အရွယ်နဲ့ အဖော်မမင်ပဲ ရင့်ကျတ်သင့်ပါသည်။ သို့သော် တစ်ဖက်လူဟာ ဆွန်းဂွမ်ဖြစ်နေတာမို့ သူ မချုပ်တည်းနိုင်။ တွေ့ချင်စိတ်က ပြင်းပြနေသည်။
ဆက်သွယ်လို့ရမယ့် ဖုန်းက ခေါ်ဆိုတိုင်း မအားလပ်သေးဘူးပဲဖြေနေတာကြောင့် စိတ်ကလည်း ရှုပ်ထွေးလာခဲ့သည်။ ခင်လာတဲ့တစ်လျှောက် အခုတစ်ခါလောက် ခပ်ကြာကြာမခွဲဖူးတာလည်းပါမည်၊ ဒါ့အပြင် အခုလောက်ထိ အဆက်သွယ်မပြတ်ဖူးခဲ့..။"ဆိုဖီယာ ဆွန်းဂွမ်ဖုန်းကိုခေါ်ပေးလို့ရမလား ကိုကို့ကိုပဲ black listသွင်းထားတာလားလို့၊ တစ်ခါလေးမှကို ဖုန်းကအားတယ်မရှိဘူး"
"ကိုကိုဘာပြဿနာရှာထားလဲမှမသိတာ"
ညီမလေးကသူ့ကိုပြောပြောဆိုဆိုနဲ့ ဖုန်းထုတ်ကာ ဆက်ပေးခဲ့ပေမယ့် တစ်ဖက်ဖုန်းက မအားဘူးပဲဖြေလာပြန်သည်။ ဒါဆိုရင်တော့ တစ်ခုခုလွဲနေပြီ။
"ထားတော့ ဆိုဖီယာ ၊ ကိုကိုအပြင်ခဏသွားလိုက်ဦးမယ် ညကျစောင့်မနေနဲ့တော့"
ပြောပြီးတာနဲ့ ဂျင်းဂျာကင်ကိုဆွဲယူလို့ သူထွက်လာမိသည်က ရပ်ကွက်ခြားတဲ့ ဆွန်းဂွမ်အိမ်သို့...။
..
..အချိန်က ညဆယ်နာရီဖြစ်ပြီး ဆွန်းဂွမ်မှာ pajama ခပ်ပါးပါးလေးနဲ့ slipperက ဘယ်တစ်ဖက်ညာတစ်ဖက်ဖြင့် ဆေးရုံရဲ့ အရေးပေါ်ဌာနမှာ ပြေးလွှားနေရ၏။ ကောင်တာကိုရောက်တော့ ရေးကြီးသုတ်ပြာနဲ့သူ့မှာမေးမြန်းရသည်။
"ဟိုလေ အစောက ခွေးကိုက်ခံရတဲ့လူနာ.."
"ချွဲ..ဆွန်းဂွမ်?"
"ဗျာ...။ အာ ဟုတ်ပါတယ် လူနာချွဲဟန်ဆိုးကိုလာကြည့်ဖို့ ဆက်သွယ်ထားတဲ့ ဘူဆွန်းဂွမ်ပါ"
"အော် ဟုတ်မှားသွားလို့။ ဟုတ်ကဲ့ လူနာက ညာဘက်အစွန်ကရေရင် သုံးခုမြောက်ကုတင်မှာရှိပါတယ်"
![](https://img.wattpad.com/cover/381457135-288-k592798.jpg)