အပိုင်း(၁)
ကျွန်တော့်နံနက်ခင်းလေးများ
"စု၊တု၊ပြု တာ မဟုတ်ပဲ ကော်ပီတွေကို ဟိုဟို ဒီဒီ ယူပြီး အသစ်တစ်ခု ဖန်တီးရင် ဘာဖြစ်တတ်လဲ အစ်ကိုယူရီ"ယူရီက အေးအေးဆေးဆေး စာအုပ်ရွေးနေရာကနေ အိုကူ ကို လှည့်ကြည့်သည်။
"အဲဒီလို စာရေးဆရာမျိုး ဖတ်ဖူးလို့လား"
"မဖတ်ဖူးဘူး ဒါပေမယ့် အခုတလော အဲဒါမျိုးတွေ မကြာခဏ ပွဲဖြစ်နေတာ မြင်နေရတော့လေ။
ကျွန်တော်တောင် စာရေးဖို့ ကြိုးစားနေတာကို လက်လျော့ချင်လာတယ်"အိုကူနှင့် စကားစမပြတ်သေးပဲ ယူရီက အိုကူကို ချန်ကာ စာအုပ်ဖိုးကျသင့်ငွေကို ကောင်တာမှာ ရှင်းနေလေသည်။
သူ့ကို စကားမပြန်ပဲ စာအုပ်ဖိုးငွေ ရှင်းနေသည့် ယူရီ့ကို အိုကူက စာအုပ်ရွေးနေရာကနေ ငေးကြည့်နေလေသည်။
စာအုပ်ဖိုး ငွေရှင်းပြီးသည့် အခါ ယူရီက စာအုပ်တွေကို ပွေ့ပိုက်ကာ အိုကူ့အနီးသို့ကပ်လာလေသည်။ပြီးတော့ လေသံတိုးတိုးလေးနှင့် နှစ်ကိုယ်ကြားရုံမျှ တိုးတိုးလေး ပြောလိုက်သည်။
"ငါ စားပွဲကနေ စောင့်နေမယ်။
မင်း စာအုပ်ရွေးပြီးရင် ထွက်လာခဲ့။ဒီနေရာက စာအုပ်ရွေးနေတဲ့ သူတွေနဲ့ စကားပြောလို့ မကောင်းဘူး""ဪ ဟုတ်ကဲ့"
ပြောစရာရှိတာ ပြောပြီး ယူရီက စားပွဲတွေ ရှိရာသို့ ထွက်သွားလေသည်။
အိုကူကသာ စာအုပ်တွေကို ဆက်ရွေးနေရင်း ကျန်ရစ်ခဲ့လေသည်။......................
အိုကူ စာအုပ်ဖိုး ကျသင့်ငွေရှင်းပြီး ယူရီရှိရာ စာဖတ်စားပွဲဆီသို့ ရောက်လာသောအခါ ယူရီက ကော်ဖီ တစ်ခွက်နှင့် စာအုပ်တစ်အုပ်ကို ဖတ်နေလေသည်။"မင်းမှာ စာရေးဖို့ အတွေးရှိနေတာကို ဘာလို့ လက်လျော့ချင်ရတာလဲ အိုကူ"
"တစ်စုံတစ်ယောက်က ကျွန်တော့်စာတွေကိုကော်ပီကူးပြီး နာမည်ကြီးသွားရင် ဘယ်လိုလုပ်မှာလဲ။
အို အစ်ကိုယူရီ ကျွန်တော် တွေးတောင် မတွေးရဲဘူး""ကော်ဖီယူမလား ကောင်လေး"
ဆိုင်ရှင် ဦးလေးကြီးက မေးလိုက်သည်။
YOU ARE READING
ကျွန်တော့်နံနက်ခင်းလေးများ
Randomစာအုပ်ဆိုင်မှာ တွေ့ခဲ့ရသည့် အစ်ကိုကြီးကို ကိုယ့်အပိုင်ဖြစ်အောင် ကြံစည်းနည်းများ