အပိုင်း(၅)
ကျွန်တော့်နံနက်ခင်းလေးများ
ခါတိုင်းလိုပဲ အစ်ကို ယူရီနှင့် တွေ့ခွင့်ရတော့မည့် မနက်ခင်းလေးမို့ ကျွန်တော် ရင်ခုန် စိတ်လှုပ်ရှားနေမိပါသည်။
အဝတ်အစားကိုလည်း ရိုးရိုးလေးနှင့် ကြည့်ကောင်းအောင်ဝတ်ဆင်လိုက်သည်။ဂျင်းဘောင်းဘီနှင့် သိုးမွှေးဆွယ်တာ အနီရောင်လေးကို ရွေးဝတ်လိုက်သည်။
ဆောင်းတွင်းမနက်ခင်းတွေကိုဆို ကျွန်တော် သိပ်သဘောကျသည် မေမြို့သိုးမွှေးဆွယ်တာတွေ အမျိုးမျိုး ဝတ်ဆင်ရလို့ ဖြစ်သည်။
နေကြာပန်းပွင့်လို ဆွယ်တာ၊ေရခဲမုန့်အဆင် ဆွယ်တာနှင့် ယခုဝတ်ဆင်ထားသည့် အနီနှင့်အနက်ရောက်စပ်ဟပ်ထိုးထားသည့်ဆွယ်တာတို့သည် ကျွန်တော်အကြိုက်ဆုံး သိုးမွှေးဆွယ်တာ စာရင်းမှာပါဝင်သည်။
ပြီးတော့ လမ်းလျှောက်ရသည်ကိုလည်း သဘောကျသည် မိုးတွင်းနှင့်နွေဥတုများ၌ လမ်းလျှောက်ရမည်ကို စိတ်ပျက်သလောက် ယခုလို ဆောင်းရာသီများ၌ လမ်းလျှောက်ရသည်ကို အကြိုက်ဆုံး ဖြစ်နေလေသည်။
လမ်းလျှောက်လို့ မောသည့် အခါ စာအုပ်လေးတစ်အုပ်ကို ဖတ်ကာ ကိုယ့်ကမ္ဘာလေးနှင့် ကိုယ် တိတ်ဆိတ်နေချင်မိသည်။
ထို့ကြောင့်သာ အဘိုး၏ စာအုပ်ဆိုင်လေးကို ရောက်လာခဲ့ပြီး အစ်ကိုယူရီဆိုသည့် လူသားလေးနှင့် ဆုံဆည်းခဲ့ခြင်း ဖြစ်သည်။
တွေးရင်း လမ်းလျှောက်လာခဲ့သည်မှာ အဘိုး၏ စာအုပ်ဆိုင်ဆီသို့ပင်ရောက်လာခဲ့ချေပြီ။
ခါတိုင်းလို ဆိုင်လေးထဲသို့ ဝင်လိုက်ပြီး ဝယ်ရန်အတွက် စာအုပ်ရွေးနေလိုက်သည်။
အစ်ကိုယူရီ့ကိုလည်း စောင့်နေမိသည်။စာအုပ်ရွေးပြီးသွားသည့်အခါ ခါတိုင်း အစ်ကို ယူရီထိုင်နေကျ စားပွဲဆီသို့ လျှောက်လာခဲ့သည်။
"အိုကူရေ အရင်မီနူးပဲလားဟေ့"
အဘိုးက လှမ်းမေးသည်။
"ဟုတ်ကဲ့ အဘိုး"
ခဏ အကြာ၌ အဘိုး၏ ကြက်ဥ မကျက်တကျက်ကြော်ပါသော ထမင်းကြော်ပူပူနွေးနွေးကို လာချပေးသည်။ကော်ဖီတစ်ခွက်လည်း ပါမြဲပင်။
![](https://img.wattpad.com/cover/381691622-288-k209770.jpg)
YOU ARE READING
ကျွန်တော့်နံနက်ခင်းလေးများ
Randomစာအုပ်ဆိုင်မှာ တွေ့ခဲ့ရသည့် အစ်ကိုကြီးကို ကိုယ့်အပိုင်ဖြစ်အောင် ကြံစည်းနည်းများ