part(02)

134 6 0
                                    

အပိုင်း(၂)
ကျွန်တော့်နံနက်ခင်းလေးများ
ဆိုင်ထဲသို့ အမောတကောလေး လှမ်းဝင်လိုက်ပေမယ့် စာအုပ်စင်တွေ အနီးမှာ ရပ်ကာ စာအုပ်ရွေးနေသည့် အစ်ကို ယူရီကို မြင်လိုက်ရမှ စိတ်ဘဝင်ကျသွားလေသည်။

ဆိုင်အဝင်ပေါက်မှာ ရပ်ကာ အသက်ကို ခပ်မှန်မှန်လေး ရှူသွင်း၊ရှူထုတ် လုပ်လိုက်မိသည်။
နှလုံးခုန်သံ ငြိမ်သွားမှ အစ်ကို ယူရီ၏ အနီးသို့ အိန္ဒြေရရ လှမ်းသွားလိုက်လေသည်။

ထုံးစံအတိုင်း အစ်ကိုယူရီက ကျွန်တော့်ကို သတိမထားမိပေ။

ကျွန်တော်ကတော့ အစ်ကိုယူရီ့ကို မြင်သည်လေ ထို့ကြောင့် ကျွန်တော်ကပဲ စတင်နှုတ်ဆက်မည်ဟု ဆုံးဖြတ်လိုက်သည်။

"မင်္ဂလာ မနက်ခင်းနော် အစ်ကိုယူရီ"

ကျွန်တော့်လေသံတိုးတိုးလေးကြောင့် ကျွန်တော့်ကို လှည့်ကြည့်သည်။

"ရောက်လာပြီလား အိုကူ။
မင်္ဂလာမနက်ခင်းပါနော်"

ကျွန်တော့်ကို ပြန်နှုတ်ဆက်ပြီး အစ်ကိုယူရီက စာအုပ်တစ်အုပ်ကို အသည်းအသန်ဆက်ရှာနေပါသည်။

ဒီနေ့က လစာထုတ်ရက် ဖြစ်သည်။
ထို့ကြောင့် ဒီနေ့မှာတော့ အစ်ကို ယူရီတစ်ယောက် ဤဆိုင်သို့ သေချာပါက် လာလိမ့်မည်ဟု ကြိုတင်ကာ တွက်ချက်ထားခဲ့သည်။

ပြီးတော့ ကျွန်တော့်ဆီမှာ အစ်ကို ယူရီ့ကို ပြန်လဲပေးရမည့် စာအုပ်တစ်အုပ်လည်း ပါလာလေသည်။

ကျွန်တော်လည်း လကုန်တိုင်း ဝယ်စုနေကျ မို့ ဝယ်ဖို့ စာအုပ်တစ်အုပ်ကို လိုက်ရှာလိုက်လေသည်။

"ကျွန်တော် ဘယ်လိုစာအုပ်မျိုး ဝယ်သင့်လဲဟင် အစ်ကိုယူရီ"

"တိုးတက်ချင်စိတ်တွေ များနေရင်တိုးတက်ရေး လမ်းညွှန်စာအုပ်တွေဝယ်၊စိတ်တွေ မအေးချမ်းရင် စိတ်အေးချမ်းအောင်ရေးထားတဲ့ စာအုပ်တွေဝယ်၊နိုင်ငံရေး စိတ်ဝင်စားရင် နိုင်ငံရေးစာပေတွေ ဝယ်လေ"

အစ်ကို ယူရီက အရမ်းကို လှပသလောက် သိပ်ကို ရိုးရှင်းတာပဲ ဟု တွေးကာကျွန်တော် တစ်ယောက်တည်း ပြုံးပြီး ငြိမ်နေမိသည်။

ကျွန်တော့်နံနက်ခင်းလေးများWhere stories live. Discover now