အပိုင်း(၁၀)
ကျွန်တော့်နံနက်ခင်းလေးများ
မိုးက မတိတ်တော့ ။
အပြင်မှာ သည်းသည်းမည်းမည်း ရျာနေဆဲ ။မှန်ပြတင်းပေါက်ကနေ မိုးရွာနေသည့် အပြင်ကို ကြည့်ပြီး ခံစားချက်တွေကောင်းနေလေသည်။
ဟင်းအနံ့ကောင်းကောင်းကိုပါရသည်။အိုကူက ဟင်းချက်ကောင်းမည်ဟု ထင်သည် ကျွန်တော်နေမကောင်းစဉ်က သူချက်ကျွေးသည့် ဆန်ပြုတ်ကတော့ လက်ရာကောင်းသည်။အိုကူအိမ်လေးထဲမှာ ထိုင်နေရသည်က နွေးထွေးလုံခြုံလှသည်ဟု ထင်မိသည်။
သိပ်မကြာခင်ကမှ ပြတ်ဆဲခဲ့သည့် Relationship တစ်ခုလုံး၌ အလုပ်အကိုင်မရှိသည့် ရည်းစားအတွက် ပါ ပိုက်ဆံပိုရှာနိုင်ဖို့ ခါးကျိုးအောင်အလုပ်လုပ်ခဲ့ရဖူးသည့်ေန့ရက်တို့လည်း ကုန်ဆုံးခဲ့ပြီ။ညအိပ်ချိန်ထိ အိမ်ပြန်မလာလို့ ညဉ့်နက်သည်အထိ ထိုင်စောင့်နေခဲ့ရသောညများသည်လည်း ကုန်ဆုံးခဲ့ပြီ။တစ်ယောက်တည်း အေးအေးဆေးဆေး ပြန်နေနိုင်ရန် ကြိုးစားနေချိန်၌ အိုကူနှင့်ဆုံဆည်းခဲ့သည်။
စာအရမ်းဖတ်သည့် လူငယ်လေး တစ်ယောက်အဖြစ် အိုကူ့ကို မှတ်မှတ်ထင်ထင် ရှိခဲ့ရာကနေ ခုတော့ အိုကူ့ရဲ့ အိမ်အထိ ရောက်လာခဲ့လေပြီ။
"ဘာတွေတွေးနေတာလဲဟင် အစ်ကိုယူရီ ကျွန်တော်ခေါ်နေတာကိုလဲ မကြားဘူး"
ကျွန်တော်ထိုင်နေသည့် ရှေ့သို့ဘရောက်လာသော အိုကူ့ကိုမြင်လိုက်ရမှ အတွေးတွေကို ရပ်ပစ်လိုက်မိသည်။
"အစ်ကို အတွေးများနေလို့ မကြားလိုက်တာပါ အိုကူရယ်"
"အို ဖိုးဝါတောင် အိပ်ပျော်နေပြီ"
"ဟုတ်တယ် သူ့ကို ပွတ်သပ်ပေးလိုက်တာနဲ့ သူအိပ်ပျော်သွားတာပဲ"
"လာ အစ်ကိုယူရီ နေ့လယ်စာ စားကြစို့"
အိုကူက လက်ကမ်းပေးသည်။ထွေထွေထူးထူး မစဉ်းစားနိုင်တော့ပဲ ကျွန်တော်အိုကူ ကမ်းပေးသည့် လက်လေးကို လှမ်းဆွဲလိုက်မိပြီး သူ့နောက်က လိုက်လာခဲ့လေသည်။
အမဲသားနှင့်အာလူးဟင်၊ချဉ်ပေါင်ရွက်ချဉ်ရေဟင်း၊ငရုတ်သီးငါးခြောက်ကြော် ၊သရက်ချဉ်သုပ်ဟင်းတွေစုံလင်လှသည်။
YOU ARE READING
ကျွန်တော့်နံနက်ခင်းလေးများ
Randomစာအုပ်ဆိုင်မှာ တွေ့ခဲ့ရသည့် အစ်ကိုကြီးကို ကိုယ့်အပိုင်ဖြစ်အောင် ကြံစည်းနည်းများ