part (04)

73 2 0
                                    

အပိုင်း(၄)
ကျွန်တော့် နံနက်ခင်းလေးများ
သည်နေ့ မနက်ခင်းက အအေးဓာတ်ပိုများလာသည်မို့ ကျွန်တော်လည်း အနွေးထည် ပိုပြီးထူထဲတာလေးကို ဝတ်ဆင်လာခဲ့လေသည်။

နှင်းအနည်းငယ် စွက်နေသည့် ဆောင်းမနက်ခင်းက လှသည်။လှသည်ဆိုခြင်းထက် ကျွန်တော် ပိုနှစ်သက်သည် ဟု ပြောရမည်။

လမ်းဘေးမှာ အလှစိုက်ပန်းပင်လေးတွေက လှလှပပ‌ ဖူးပွင့်နေကြလေသည်။
အစ်ကို ယူရီနှင့် တွေ့ရတော့မည်ဟူသော အတွေးက အရာရာကို ပိုမိုလှပသည်ဟု အထင်ရောက်စေသည်။

"အစ်ကို ယူရီ နဲ့ ပတ်သက်တာ မှန်သမျှကို ငါစွဲလမ်းနေပြီဟေး။
အဘိုးရဲ့ ကော်ဖီ၊
အဘိုးရဲ့ ထမင်းကျော်၊
အဘိုးရဲ့ cupcake ၊
အဘိုးရဲ့ စာအုပ်ဆိုင် အားလုံးပါပဲလား။
အဟွန်း"

တစ်ယောက်တည်း လမ်းလျှောက်ရင်း တီးတိုးပြောဆိုနေမိသည်။
အရင်တစ်ပတ်ကဆို အစ်ကို ယူရီ့ကို သူ့တိုက်ခန်းအထိ ပြန်လိုက်ပို့ပေးခွင့် ရခဲ့သည်လေ။

အစ်ကို ယူရီက အထဲသို့ မဖိတ်ခေါ်ခဲ့ပေမယ့် နောင်တစ်ချိန်ကျ ဖိတ်ခေါ်လောက်ပါရဲ့ဟူသော မျှော်လင့်ချက်က ကျွန်တော့် ‌ကို ပိုပြီး စိတ်ကြည်လင်စေသည်။

ဟော......အစ်ကို ယူရီက အခုကတည်းက ရောက်နေပြီပဲ ဟုတွေးကာ ကျွန်တော်ကတော့ စာအုပ်ဖတ်ရန် ခုံလေးဆီသို့ လျှောက်လာခဲ့လေသည်။
သည်နေ့ အတွက် ကျွန်တော့်မှာ  စာအုပ်ဝယ်ရန် စိတ်ကူးမရှိချေ။

ဟိုရက်က ဝယ်ထားသည့် "ဂေါ်ကီ" ၏ "အမေ" စာအုပ်ကိုသာ ဆက်ဖတ်ရန် လာခဲ့ခြင်း ဖြစ်သည်။

"ဘာစားမှလဲ အိုကူ။
အရင်အတိုင်းပဲလား"

"ဟုတ်ကဲ့ အဘိုး"

အဘိုးကတောင် ကျွန်တော့်နာမည်ကိုလည်း သိနေပြီး ကျွန်တော်စားနေကျ ထမင်းကြော်နှင့် ကော်ဖီ ပုံမှန် မီနူးကိုလည်း သိနေလေပြီ။

တစ်ယောက်တည်း တိတ်ဆိတ်စွာ စာဖတ်နေရင်း အစ်ကို ယူရီ လာထိုင်မည့် အချိန်ကို စောင့်စားနေမိသည်။

ဆိုင်နှင့် ဝန်းစည်းရိုး၏ ကြား၌ အဘိုး စိုက်ထားသည့် ခတ္တာ ပန်းပင်လေး၏ အနံ့က နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။

ကျွန်တော့်နံနက်ခင်းလေးများWhere stories live. Discover now