part(03)

111 5 1
                                    

အပိုင်း(၃)
ကျွန်တော့်နံနက်ခင်းလေးများ
စာအုပ်အဟောင်းတန်းမှာ အစ်ကို ယူရီက ဘာစာအုပ်ကို ရှာနေသည်မသိချေ။
ဟိုဟို၊သည်သည် အကုန်ရှာနေပေမယ့် သူရှာနေသည့် စာအုပ်ကို တွေ့ဟန် မတူချေ။

ကျွန်တော်ကတော့ အစ်ကိုယူရီ၏ မျက်နှာလေးကိုသာ အရိပ်တကြည့်ကြည့် ကြည့်ကာ ငေးမောနေမိလေသည်။
အစ်ကို ယူရီက ဘယ်လို မိသားစုက ကြီးပြင်းလာခဲ့ပြီး၊ ဘာအလုပ်နှင့် အသက်မွေးဝမ်းကြောင်းပြုသည့် လူရယ်လို့ မသိပေမယ့် သူ့မျက်နှာပေါ်ဝယ် မိတ်ကပ်အရည်လိုမျိုး လိမ်းထားပုံရသည်။နှုတ်ခမ်း ပုံ လှလှလေးမှာလည်း အရောင်နုသည့် နှုတ်ခမ်းနီအဆီလေး ကို ဆိုးထားလေသည်။
မျက်ခုံးပုံစံ လှလှလေး
နှာတံစင်းစင်းလေး
နှုတ်ခမ်းပါးပါး ပုံစံလှလှလေး
မျက်နှာသွယ်လျလျလေး နှင့် အတော်ကြည့်ကောင်းသည်။
အထူးသဖြင့် မျက်ဆန်ရှည်ရှည်လေးတွေနှင့် လိုက်ဖက်လွန်းလှသည့် မျက်တောင်မွှေး ရှည်ရှည်လေးတွေ၊

ဘာပဲ ဖြစ်ဖြစ် အစ်ကို ယူရီ မိတ်ကပ်လိမ်းတာကို ကျွန်တော် ကြိုက်ပါသည်။

"ရှာလို့လည်း မတွေ့သေးဘူးကွာ"

"ဟုတ်လား"

"နောက် တစ်ခေါက်မှပဲ ဆက်ရှာတော့မယ်။ပြန်ကြရအောင်"

ဟင်!
ပြန်ကြရအောင်တဲ့လား။
မျက်နှာမှာသာ စာရေးလို့ ရရင် မခွဲချင်သေးဘူး ဟု အစ်ကို ယူရီ မြင်ရအောင် ရေးပြထားချင်မိသည်။

"ဘယ်အထိ လမ်းတူလဲဟင်
အစ်ကို ယူရီ အတူ ပြန်ကြရအောင်လေ"

"ဟုတ်လား အစ်ကိုက
အရှေ့ဘက်ကို ပြန်ရမှာ"

"ဟုတ်လား အတူတူပဲ
လမ်းလျှောက်သွားရအောင်နော် အစ်ကို ယူရီ"

"အင်းလေ ကောင်းသားပဲ"

"အစ်ကို ယူရီ့ကို တိုင်ပင်ချင်တာလေး ရှိလို့"

"ပြောလေ"

"ကျွန်တော်လေ စာရေးချင်လို့"

"ရေးပေါ့။
စာအုပ်တွေ မကြာ မကြာ လာဝယ်တာ မြင်ရသလောက် စာ ဖတ်ပုံရတာပဲ။
ရေးချင်စိတ် ပေါက်လာရင် ရေးသာရေးချလိုက်"

ကျွန်တော့်နံနက်ခင်းလေးများWhere stories live. Discover now