အပိုင်း(၈)
ကျွန်တော့်နံနက်ခင်းလေးများ
ဒီနေ့သည် အဘိုး၏ စာအုပ်ဆိုင်သို့ သွားရမည့် နေ့ဖြစ်သည်။
အမြဲလိုလို သည်လို ပိတ်ရက်တွေမှာ အဘိုး၏ စာအုပ်ဆိုင်လေးဆီသို့ သွားဖြစ်ရာကနေ အစ်ကို ယူရီနှင့်ဆုံဆည်းခဲ့ခြင်း ဖြစ်လေသည်။ဟိုရက်က အစ်ကို ယူရီပြောသည့် ကျွန်တော်လိုချင်လောက်မည့် လက်ဆောင် ကို ကျွန်တော့်ဆီပေးမည်ဟူသော စကားကို ဒီနေ့မှာများ အစ်ကို ယူရီ အကောင်အထည်ဖော်လေမလား ဟူ၍တွေးကာ မျှော်လင့်နေမိသည်။
"လက်ဆောင်"ဟူသော အရာကို လိုချင်လွန်းလို့တော့ မဟုတ်ပေမယ့် အစ်ကိုယူရီကပေးမည့် လက်ဆောင်ကိုတော့ မျှော်လင့်မိသည်။
"လက်ဆောင်ပေးခြင်း ဆိုသည်မှာလည်း အလေးအနက်တန်ဖိုးထားရသော သူတွေ အတွက်သာ ဖြစ်လိမ့်မည်"ဟူ၍ နားလည်ထားသောကြောင့် ဖြစ်သည်။
အစ်ကိုယူရီ၏ အလေးအနက်တန်ဖိုးထားသော လူသား တစ်ယောက် ဖြစ်ချင်မိလေသည်။
ကားလမ်းမကြီး၏ ဘေးက လူသွားလမ်းလေးအတိုင်း လမ်းလျှောက်လာရင်း စိတ်ကူးယဉ်ပြီး ပြုံးနေမိလေသည်။
"ဟင် ဟို..ဟိုဟာ...."
အစ်ကိုယူရီပါ့လား။
အဘိုး၏ ဆိုင်ရှေ့၌ မတ်တပ်ရပ်နေသော အစ်ကိုယူရီ့ကို သူနှင့်ရွယ်တူ လူတစ်ယောက်က ခါးလေးကိုဖက်ကာ ကပ်ပြီးရပ်နေလေသည်။နှစ်ယောက်သား၏ ပုံစံက စကားပြောနေကြသည့် ပုံစံဖြစ်သည်။
အံ့ဩ တုန်လှုပ်စွာ ကြည့်နေရင်း ကျွန်တော်ရပ်နေမိလေသည်။ခြေထောက်တွေက ရှေ့သို့ဆက်လှမ်းလို့ မရတော့။
အစ်ကိုယူရီမှာ ချစ်သူရှိတယ်လို့ ငါမကြားဖူး၊မမြင်ဖူးခဲ့ပါဘူး။
ဒါပေမယ့် ငါမေးလည်း မမေးခဲ့ဖူးဘူးလေ။ကျွန်တော် တုန်လှုပ်စွာငေးမောကြည့်နေစဉ်၌ အစ်ကိုယူရီက ထိုလူ၏ ရင်ဘတ်ကနေ တွန်းလွှတ်လိုက်လေသည်။
ထိုလူ၏ လက်သီးက အစ်ကိုယူရီ၏ မျက်နှာပေါ်သို့ ကျသွားလေသည်။
ဘုရားရေ။သိပ်မကြာခင်ကမှ နေမကောင်းဖြစ်ထာသည့် လူကို၊အစကတည်းကမှ အားနည်းပြီး ဖြူဖျော့နေတတ်သည့် လူကို၊သိမ်သိမ်မွေ့မွေ့ အမူအရာလေးတွေနှင့် နူညံ့သည့် ထိုလူသားလေးကို ကိုယ်ထိလက်ရောက် လုပ်ရက်တာ ဘယ်သူပါလဲ။
YOU ARE READING
ကျွန်တော့်နံနက်ခင်းလေးများ
Randomစာအုပ်ဆိုင်မှာ တွေ့ခဲ့ရသည့် အစ်ကိုကြီးကို ကိုယ့်အပိုင်ဖြစ်အောင် ကြံစည်းနည်းများ