part(6)

98 1 0
                                    

အပိုင်း(၆)
ကျွန်တော့် နံနက်ခင်းလေးများ

"လောလောဆယ်တော့ အစ်ကို့အိမ်မှာ ကြက်ဥရယ် မြူစွမ်ခေါက်ဆွဲရယ်ပဲ ရှိမယ်"

"ဒါဖြင့် ကျွန်တော် မြူစွမ်ပြုတ်ချိုလေး လုပ်ပေးမယ်နော်"

"အားနာလိုက်တာ အိုကူရယ်"

"ရပါတယ် အစ်ကို ယူရီ"

ကျွန်တော့်ကို စူးစမ်းသလို မော့ကြည့်နေသည့် အစ်ကိုယူရီ၏ မြင်ကွင်းထဲက ထွက်ကာ မီးဖိုခန်း ကျဉ်းကျဉ်းလေးထဲသို့ ဝင်လာခဲ့လေသည်။

နံရံကပ်လော်ကာ ပိစိလေးထဲမှာ မြူစွမ်ခေါက်ဆွဲထုပ်လေးရယ်၊ကြက်ဥလေး နှစ်လုံးရယ် ရှိသည်။
ရေခဲသေတ္တာ ပုပုလေးထဲမှာ ဂေါ်ဖီ တစ်စိပ်ရှိသည်။

အဲဒီဘေးက ပုံးလေးထဲမှာ ဆန် နှစ်ပြည်လောက် ရှိသည်။နံရံမှာ ချိတ်ဆွဲထားသည့် ဈေးပေါသည့် ငါးခြောက်ထုပ် တစ်ထုပ်ကို မြင်လိုက်ရသည်။

ဆီပုလင်း၊ဆားပုလင်း၊ဟင်းချိုမှုန့်ပုလင်း၊မဆလာပုလင်းလေး တွေ ရှိသည်။
ကြာညို့တို့၊ပုစွန်ဆီတို့ ၊ခရုဆီတို့၊ငံပြာရည်တို့လည်း မရှိချေ။ကြက်သားမှုန့်ကိုလည်း မ‌တွေ့ရပေ။

စာပေသမားဆိုတော့ အစားအသောက်ကို ချွေတာပြီး စားမယ်၊စာအုပ်ပဲ ဝယ်ဖတ်မယ်ဆိုသည့် စိတ်မျိုး ရှိတတ်ကြတာပဲလေဟု ဖြေတွေးနေမိသည်။

ခေါက်ဆွဲကို ပြုတ်နေရင်း အခုမှ ပင်ပိုပြီး တွေးမိလာပြန်သည်။အစ်ကို ယူရီ့ကို တွေ့သည့် အချိန်တိုင်းလိုလို အဝတ်အစားတေ ွ ထပ်နေတတ်သည်။

"အဟင်း"

ဖယောင်းရုပ်တုလေးလို သွယ်လျပျော့ပျောင်းနေ‌ေသာ ခန္ဓာကိုယ်လေး
ရယ်၊နှင်းခဲလေးလို ဖြူဥနေသည့် မျက်နှာလေးရယ်က လွဲရင် ကျန်တာ ဘာမှလည်း မက်မောစရာ မရှိပေ။

အို ငါဘာလို့ လူတစ်ယောက်ကို သည်အတိုင်းကြီး အကဲဖြတ်လိုက်ရတာလဲ ဟု ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံသလို ပြန်မေးလိုက်မိသည်။

အစ်ကိုယူရီက နွေးထွေးလှိုက်လှဲတတ်သည့် လူသားလေး၊
စကားပြော ဆွေးနွေးလို့ ကောင်းသည့် လူသားလေး၊
စာအုပ်၊စာပေကိုလည်း မြတ်နိုးတတ်သလို အမြင်လည်း ရှိသည့် လူသားလေးပင် ဖြစ်သည်။

ကျွန်တော့်နံနက်ခင်းလေးများWhere stories live. Discover now