အပိုင်း(၁၁)
ကျွန်တော့်နံနက်ခင်းလေးများ
"အစ်ကိုယူရီ ဟ""အွန်း ကောင်းသားပဲ ကြက်ဥပူတင်းလား"
"ဟုတ်တယ် အစ်ကိုယူရီ...အစ်ကိုက ပိန်နေလို့ အစ်ကို့ကိုစားစေချင်တာ"
"အိုကူရာ"
ကျွန်တော်ရေချိုး ပြီး မီးဖို ဘက်သို့ လျှောက်လာသောအခါ အိုကူက သူလုပ်ထားသည့် ကြက်ဥပူတင်းကို လာခွံ့ကျွေးသည်။
တစ်ကယ်ဆို ကျွန်တော်က အိုကူ့ရဲ့ ကျယ်ပြန့်တဲ့ နောက်ကျောပြင်ကြီးနှင့် အရပ်အမောင်းကြီးကို ငေးမောရင်း လျှောက်လာခဲ့တာ။
"အစ်ကိုယူရီ မိုးတော့ တိတ်သွားပေမယ့် .....အစ်ကို့ကို မပြန်စေချင်သေးဘူး"
"အစ်ကိုပြန်မှ ဖြစ်မယ် အိုကူ"
"ကျွန်တော့် အိမ်မှာ နေရတာ ဘာအဆင်မပြေလို့လဲ ဟင်"
"အကုန်အဆင်ပြေပေမယ့် အစ်ကို က အိုကူ့ဆီမှာ မမှီခိုချင်ဘူး"
အမှန်က ကျွန်တော် အိုကူနှင့် တွဲချင်ပေမယ့် နောက်ထပ်တစ်ခါ ထပ်ချစ်ရမှာကို ကြောက်နေသေးသည်။ခြေစုံပစ်ဝင်ရမှာကို ကြောက်ပြီး တစ်လှမ်းချင်းသာ စမ်းပြီး ရှေ့တိုးချင်နေမိသည်။
(မနေ့ညက အတူတူ အိပ်ပြီးတာတောင် တစ်လှမ်းချင်း သွားချင်သေးတာတဲ့ရှင်)
"မမှီခိုနဲ့ပေါ့ တခါတလေ ဟင်းချက်စရာလေးတွေ ဝယ်လာရင် ရပြီပဲ"
အိုကူတစ်ယောက်နဲ့တော့ ခက်တော့တာပါပဲ ဟု တွေးနေမိသည်။
"တခါတလေ ဟင်းချက်စရာဝယ်ရတာ အစ်ကိုအတွက် အရမ်းသက်သာပါတယ်။ဒါပေမယ့် အစ်ကို အိုကူနဲ့ ဖြေးဖြေးချင်းပဲ သွားချင်တယ်"
ကျွန်တော်ပြောလိုက်သည့် စကားကြောင့် အိုကူရဲ့ မျက်နှာလေး မှာ အစောကလို တောက်ပမှုတွေ ပျောက်ကွယ်သွားပြန်သည်။
ပြီးတော့ ကျွန်တော့်ရင်ခွင်သေးသေးလေးထဲသို့ သူ့ကိုယ်လုံးကြီးနှင့်တိုးဝင်လာလေသည်။
မျက်နှာငယ်လေးနှင့် ဆိုတော့ ကျွန်တော်မကြည့်ရက် ပဲ မျက်နှာလွှဲလိုက်မိသည်။"အစ်ကိုယူရီ.....ကျွန်တော့်ဆီမှာ နေနေရင်းနဲ့လဲ အချိန်ယူပြီး စဉ်းစားလို့ရပါတယ်။
ကျွန်တော်က အစ်ကို့အပေါ် မကောင်းဘူး ဆို ကျွန်တော့်ကို ပစ်ထားခဲ့ပေါ့"
YOU ARE READING
ကျွန်တော့်နံနက်ခင်းလေးများ
Randomစာအုပ်ဆိုင်မှာ တွေ့ခဲ့ရသည့် အစ်ကိုကြီးကို ကိုယ့်အပိုင်ဖြစ်အောင် ကြံစည်းနည်းများ