part(9)

72 1 0
                                    

အပိုင်း(၉)
ကျွန်တော့်နံနက်ခင်းလေးများ
အစ်ကိုယူရီက ဟိုလူ့အကြောင်း မပြောချင်ဘူး ဆိုတော့လည်း ကျွန်တော်ဆက်မပြောဖြစ်တော့။အစကတည်းကလည်း မပြောချင်ခဲ့ပါဘူး။

"အစ်ကို ယူရီမျက်နှာက အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်။အိမ်ရောက်မှ ရေခဲကပ်လိုက်မယ် အိုကူ။
ဪ ရော့ အိုကူ့ အတွက် လက်ဆောင်"

အဖြူရောင်ပန်းအိုး သေးသေးလေးနှင့် ထည့်စိုက်ထားသည့် ရှားစောင်းပင်လေး တစ်ပင်ကို တွေ့လိုက်ရလေသည်။

"ကျွန်တော် လိုချင်နေတာနဲ့ အတော်ပဲ အစ်ကိုယူရီ။ကျေးဇူးတင်လိုက်တာဗျာ"

"အိုကူက သစ်ပင်လေးတွေ ချစ်တတ်မှန်းသိလို့ အစ်ကိုကပေးတာ"

"အစ်ကို ယူရီ စိတ်မဆိုးဘူးဆိုရင် ကျွန်တော် ့ရဲ့တိုက်ခန်းကို လိုက်ခဲ့ပေးပါ့လား"

"စိတ်မဆိုးပါဘူး။
ဒါပေမယ့် ဘာဖြစ်လို့ လိုက်ရမှာလဲ အကျိုးအကြောင်း ပြောပြပါအုံး"

ချစ်စရာကောင်းပြီး ဖြူဖွေးသွယ်လျနေသည့် အစ်ကိုယူရီ၏ မျက်နှာလေး မှာ ဘာအနာတရမှ မရှိစေချင်။

"ကျွန်တော် အစ်ကိုယူရီ့ရဲ့ ဒဏ်ရာကို ရေခဲကပ်ပေးချင်လို့ပါ"

"ဪ ဒါလား။
ကောင်းပြီလေ သွားကြတာပေါ့။ဝေးလား"

"မဝေးဘူး နီးနီးလေးပါ အစ်ကိုယူရီ"

မထင်မှတ်ထားပဲ အစ်ကိုယူရီက ကျွန်တော့်အိမ်သို့ လိုက်မည် ဆိုသောကြောင့် ကျွန်တော်ပျော်သွားသည်။စားပွဲပေါ်၌ ချထားပြီးသည့် စာအုပ်နှင့် ဘေးလွယ်အိတ်ကို  ကပျာကယာ ကောက်ကိုင်လိုက်သည်။အစ်ကိုယူရီပေးထားသည့် လက်ဆောင် ပန်းအိုးလေးကိုပါ ကောက်ယူပြီး ပျာယာခတ်နေလေသည်။

"လာ အစ်ကို ယူရီ သွားကြစို့"

..................
အခန်းတံခါးကိုသော့ဖွင့်ခါနီးမှ အစ်ကို့ယူရီ့ကို လှည့်ကြည့်လိုက်ပြီး မရဲတရဲလေး မေးမိသည်။

"အစ်ကိုယူရီ ကြောင်ချစ်တတ်လားဟင်"

"ကြောင်လား။
အင်း........"

အစ်ကိုယူရီက သူ့ကိုယ်သူ ကြောင်ချစ်တတ်လား။မချစ်တတ်ဘူးလား သေချာသိပုံမရ
.....အချိန်အတန်ကြာစဉ်းစားနေလေသည်။

ကျွန်တော့်နံနက်ခင်းလေးများWhere stories live. Discover now