အပိုင်း ၅
လီအိုက်ဖန်းအဆောင်ထဲသို့ မဝင်မီ နားထဲမှာအရင်က ကိုယ်ရံတော်လီနှင့် ရှင်းရှင်းအသံများ ပြန်ကြားလာသည်။
မင်းကြီး ဖန်အိမ်တော်က အားချုံကို ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ဖိအားပေးခဲ့တာ။
မင်းကြီး အားချုံရဲ့အသက်အတွက် ဖန်အိမ်တော်ရဲ့အရှက်နဲ့ ပြန်ပေးဆပ်ရမယ်။
" ဝုန်း......"
လီအိုက်ဖန်း အဆောင်တံခါးကို အတင်း ဆွဲဖွင့်လိုက်သည်။ အခန်းထဲမှာ ရှိနေတဲ့ လူလေးကတော့ တစ်ချက်မျှ တုန်သွားသည်။
"အ့....မင်းကြီး"
လီအိုက်ဖန်း ဖန်အာ့၏ ငွေရောင် ဆံပင်လေးကို ဆွဲကာ ကုတင်ပေါ်သို့ခပ်ကြမ်းကြမ်း ဆွဲပစ်ချလိုက်သည်။
"နာလား ဟန်"
"မင်းကြီး..တော်ပါတော့"
ဖန်အာ တွန်းဖယ်ရင်းဆို၏။ မင်းကြီး၏ ကိုယ်လုပ်တော်က မင်းကြီးလုပ်သမျှကို ငြင်းပယ်၍ မရပေ။
"ဖြန်း"
ရုတ်တရက်ပါးဆီရောက်လာသောလက်တွေကြောင့် ဖန်အာ အရိုက်ခံရမှန်းသိသွားလေသည်။
"ဘာအော်တာလဲ မင်းကငါ့ကိုယ်လုပ်တော် အဖြစ်လာတာလေ မင်းငါ့ကိုငြင်းဆန်ခွင့်ရှိလို့လား"
မင်းကြီး ဖန်အာ့ ပါးကိုရိုက်ကာဆို၏။
ဖန်အာ မျက်စိကို မှိတ်လိုက်ပြီး နာကျင်စွာအသံတိတ် ငိုမိသည်။
"အစ်ကိုတော်....."
ဖန်အာ သူ၏အမည်အား စိတ်ထဲမှသာ တနေမိသည်။ အစ်ကိုတော် ဘဝသာကောင်းစား မည်ဆိုလျှင် ဖန်အာပေးဆပ်ဖို့အသင့်ပါလေ။
တစ်ဖက်တွင်တော့...........
ရွဲ့လန်လန် သူမအခန်းထဲတွင် လက်ဖက်ရည်ကို သောက်ကာ စဉ်းစားနေမိသည်။
တကယ်လို့များ အစ်ကိုသာ ဖန်အာနှင့် ထွက်ပြေးရင် ဘယ်လိုလုပ်မလဲဆိုတာပေါ့ လန်လန် စဉ်းစားရင်း ရင်ပူလာမိသည်။ သူမစိုးရိမ်စိတ်များကို ဖန်သခင်မ ထံသို့ပြောကြားရမည်ဖြစ်သည်။ ဒါမှ ဖန်သခင်မက ဖန်သခင်ကြီးကို သူမနှင့်ဖန်အိုက်စန်း အား မြန်မြန် နေရာချပေးမည် ဖြစ်သည်။
YOU ARE READING
အမုန်းဆုံးကိုယ်လုပ်တော်(New Version)(Complete)
Historical Fictionအရှင်အတွက်ကျွန်တော်ဟာ အမုန်းဆုံးကိုယ်လုပ်တော်တစ်ယောက်ထက် မပိုခဲ့ပါဘူး...