အပိုင်း ၆
“ဒါ ဘယ်လိုဖြစ်နေကြတာလဲ “
ဖန်ဖေးဖေး နှင့်ဖန်သခင်ကြီး တို့အိပ်ရာပေါ်တွင် လန်လန်နဲ့ အိုက်စန်း ဖြစ်ပျတ်နေသည့်ပုံကို ကြည့်ရင်း အလန့်တကြား အော်မိသူက ဖန်သခင်ကြီး သာဖြစ်သည်။
“ဘာဖြစ်တာလဲ “
အိုက်စန်းလည်း မနက် စောစောစီးစီး ဆူညံသံကြား၍ ထကြည့်မိရာ မိမိတွင် ရှိနေသောလန်လန်.....။
“မင်းတို့ဘာဖြစ်ခဲ့လဲဆိုတာ မင်းတို့သိမှာပေါ့”
ဖန်သခင်ကြီး အိုက်စန်းကို မျက်မှောင်တစ်ချက် ကြုတ်ကာပြောတော့သည်။ အိုက်စန်း တတ်နိုင်သမျှ မှတ်မိအောင်စဉ်းစားသည်။ သို့သော်အချည်းအနှီးသာ အိုက်စန်းသတိရတာက သူမတိုက်သော သေရည်ကို သောက်ရန်အတင်းတိုက်တွန်းနေသော လန်လန်ပင်။ မှန်ပေသည်။ အိုက်စန်း တစ်ခွက်မျှသာ သောက်ပြီး မှောက်သွားလေသည်။ ထိုအချိန်က သူမ မျက်နှာက အပြုံးကိုသေချာမှတ်မိသည်။ ဒီအပြုံးက ဘာကိုဆိုလိုမှန်း အိုက်စန်းသိနေသည်။ သေချာပြီ လန်လန် အဖေ့ကို အထင်လွဲအောင် လုပ်တော့မည်။
“မဟုတ်ပါဘူး အဖေ ကျွန်တော်ရှင်းပြ”
ဖန်သခင်ကြီးက အိုက်စန်းရှင်းပြသည့် စကားကို နားမထောင် လှည့်ထွက်သွားလေသည်။
“သမီးတော် ညနေကြ သမီး မိဘတွေက်ို အကျိုးအကြောင်း ပြောပြလိုက်ပါ့မယ် သမီးတော်ရယ်”
အိုက်စန်း ဖန်ဖေးဖေး စကားကို နားထောင်ရင်း သိလိုက်ရတာက မိမိမယ်တော် နှင့် လန်လန်တို့ ပူးပေါင်းပြီး လန်လန်နှင့် လက်မထပ် ထပ်အောင်လုပ်လိုက်ပြီ ဆိုတာပါပဲ။
-----------------------------------------------------------
“ညီတော်လေးကို တွေ့မိလား”
အိုက်ထျန်း ညနေထဲက မတွေ့တော့သော ညီတော်လေး ဟွာပိုင် လိုက်ရှာမိသည်။ အစက ဥယျာဉ်ထဲ တွင်ထင်တာ အတော်ကြာလာမှ ဥယျာဉ် ထဲတွင်မတွေ့တော့သဖြင့် အိုက်ထျန်း စိုးရိမ်လာမိသည်။
YOU ARE READING
အမုန်းဆုံးကိုယ်လုပ်တော်(New Version)(Complete)
Historical Fictionအရှင်အတွက်ကျွန်တော်ဟာ အမုန်းဆုံးကိုယ်လုပ်တော်တစ်ယောက်ထက် မပိုခဲ့ပါဘူး...