အပိုင်း ၈
"သခင်လေးဟွာပိုင် ပြန်လာပြီလား"
အိမ်တော်ထဲသို့ ကျော်ဝင်ရန်ပြင်နေသော ဟွာပိုင့်ကို ချန်မော့ ဆိုလိုက်သည်။ ဟွာပိုက် ချန်မော့ကိုအံသြစွာပင်ကြည့်လိုက်သည်။ချန်မော့ အခုထိ မအိပ်သေးဘူးလား။
"ဟို.... အစ်ကိုကြီးသိသွားလား"
ချန်မော့က ခေါင်းငြိမ့်ပြလေသည်။ဟွာပိုင် ခေါင်းကိုက်မိတော့သည်။
"မယ်တော်နဲ့ခမည်းတော်တို့ ကရော"
ချန်မော့ခေါင်းခါမိသည်။ ထိုအခါမှပဲ ဟွာပိုင်မှာ စိတ်အေးသွားရတော့လေသည်။
"ညအတော်နက်နေပြီ ။ ဘယ်တွေသွားနေတာလဲ သခင်လေး"
ချန်မော့ ဆိုလိုက်တော့သည်။ တကယ်လည်း နေ့လည်ထဲကခဏလေးဟု ပြောခဲ့သည်က အခုမှ ရောက်သည်လေ ။ ဟွာပိုင်သာ တစ်ခုခုဖြစ်လို့ကတော့ အိုက်ထျန်း သူ့ကိုသတ်မှာလေ။
"ဟိုလေ ဒါက"
ဟွာပိုင်နေ့လည် ကအကြောင်းကို ချန်မော့အားပြောပြလိုက်သည်။
နေ့လည်က..........
"ဒီကသခင်လေးက ဘယ်ကိုလာတာလဲ"
ရဲမတ်တစ်ဦးက ဟွာပိုင့်ကိုမေးလိုက်သည်။
"ကိုယ်ရံတော်လီနဲ့တွေ့လို့ရမလား"
ဟွာပိုင်မှာ ကိုယ်ရံတော်လီအား တွေ့ချင်လွန်း သောကြောင့် နန်းတွင်းထဲထိ ဝင်ရောက်လာခြင်း သာဖြစ်သည်။ တွေ့ချင်တာထက် အကူအညီကို တောင်းချင်တာလေ။
"ကိုယ်ရံတော်လီက အခုညီလာခံမှာပါ သူ့ကိုအဆောင်ထဲမှာ ခဏစောင့်လိုက်ပါ"
ရဲမတ်တွေလည်း ဖန်လီ့အဆောင်ကိုလိုက် ပို့လိုက်လေသည်။ ဟွာပိုင်လည်း အဆောင်ထဲ လှည့်ကြည့်လိုက်တော့ ထူးဆန်းတဲ့အရာတစ်ခု ကိုတွေ့ရသည်။ထိုအရာကအခြားမဟုတ် လူရိပ် တစ်ခုသာဖြစ်လေသည်။
YOU ARE READING
အမုန်းဆုံးကိုယ်လုပ်တော်(New Version)(Complete)
Historical Fictionအရှင်အတွက်ကျွန်တော်ဟာ အမုန်းဆုံးကိုယ်လုပ်တော်တစ်ယောက်ထက် မပိုခဲ့ပါဘူး...