Final Chapter

55 2 0
                                    

အပိုင်း ၆၀

တစ်လမျှကြာသော်

"မင်းကြီးတကယ်ပြောတာလား"

ဖန်သခင်ကြီးက လီဖန်းပြောလိုက်သော စကားကိုမယုံ၍မေးလိုက်သည်။ အိုက်စန်းကို အတိတ်မေ့ဆေးတိုက်မယ့် အကြောင်းကို ပယ်ဖျတ်လိုက်သည်တဲ့လေ။

"ဟုတ်တယ် ကိုယ်တော်တို့ဆုံးဖြတ်ပြီးပြီ ကိုယ်တော်တို့အိုက်စန်းကို အပြစ်ကခွင့်လွှတ်မယ် ဖန်သခင်ကြီးကိုစောင့်ရှောက်ဖို့ အိုက်စန်းပဲရှိတာလေ"

"အမှန်အတိုင်း ပြောရင်ကျွန်တော်ဖန်အာက ကျွန်တော့်သားမှန်းသိပါတယ်"

ဖန်သခင်ကြီးကပြောကြားလိုက်သည်။ ဖန်အာက သူ့သားဆိုတာ သူလွန်ခဲ့တဲ့နှစ်နှစ်ကတည်းက သိပြီးဖုံးကွယ် ထားခဲ့သည်။ ဒီလိုဖြစ်မယ်မှန်းသိလျှင်သူ ဖေးဖေးကို မဖုံးကွယ်ထားပါလေ။ အခုမှသူဖုံးကွယ်မိသည်ကို နောင်တရနေတော့သည်။

"ဖန်သခင်ကြီးကိုယ်တော် တောင်းဆိုချင်တာရှိပါတယ် အဲဒါကဖန်အာကိုဒီကိစ္စဖုံးကွယ်ထားလို့ရမလား "

လီဖန်းကဆိုလိုက်လေသည်။ သူဖန်အာ့အပေါ် နာကျင်စေမည့်ကိစ္စမျိုးမသိစေချင်ပါ။ ဒါက ရက်စက်ရာကျပေမယ့် သူမသိစေချင်ခဲ့။

"ကောင်းပါပြီ ကျွန်တော်မျိုးမပြောပါဘူး ဒါထက်ဒါလေးဖန်အာ့ကိုပေးပေးပါ ကျွန်တော်ကိုယ်တိုင် တိုက်ရိုက်ပေးရင် သားတော်လေးက မယူမှာစိုးလို့ပါ"

ဖန်သခင်ကြီးကဆိုလိုက်ပြီး ကျောက်စိမ်းပြား နှစ်ပြားကိုထုတ်ပေးလိုက်သည်။

"ဒါက"

လီဖန်းအနှီ ကျောက်စိမ်းပြားနှစ်ပြားကိုကြည့်ရင်း မေးလိုက်သည်။ တကယ်တော့ အနှီကျောက်စိမ်းပြားက အာဏာရှိတဲ့လူတွေမှာသာရှိသည်လေ အာဏာဆိုတာထက် ဥပမာဆ်ိုရလျှင် ဖန်အိမ်တော်မှာဆို ဖန်သခင်ကြီးတစ်ယောက်သာ ထိုကျောက်စိမ်းပြားရှိပြီးဖန်အိမ်တော်ကို ကြိုက်သလိုစီမံခွင့်ရှိသည်လေ။ အနှီကျောက်စိမ်းပြားကို ဖန်အာ့ကိုပေးမည်ဆိုတာက ဖန်အိမ်တော်ကို ဖန်အာ့ကိုပေးမည်ဟု ဆိုလိုခြင်းပင်။

"ကျွန်တော်မျိုးသားတော်အိုက်စန်းနဲ့အတူ စဉ်းစားပြီးပြီ ကျွန်တော်တို့ဖန်အိမ်တော်ကိုစွန့်ခွာပြီး အရင်ကကျွန်တော်မျိုးဘိုးဘွားတွေနေခဲ့တဲ့ဆီကိုပဲ ပြန်တော့မယ် ဒါကြောင့်ကျွန်တော်မျိုးတို့ ဖန်အိမ်တော်နဲ့ရွဲ့အိမ်တော်ကို ဖန်အာ့ကို အပိုင်ပေးလိုက်ပါတယ် ဖန်အာမယူရင်တောင် မရရအောင်ပေးပေးပါ"

အမုန်းဆုံးကိုယ်လုပ်တော်(New Version)(Complete)Tempat cerita menjadi hidup. Temukan sekarang