Chapter 7

27 3 0
                                    

အပိုင်း ၇

“နင်.... နင်ကဘယ်သူလဲ”

ရှင်းရှင်း ဖန်အာ့ရင်ခွင်ထဲသို့ ရောက်ရှိ နေသောကြောင့် အလန့်တကြား ပြောမိသည်။

“အတင့်ရဲ လိုက်တာ ။ ငါ့မိဖုရား ကိုထိရဲတယ်”

မင်းကြီး ဒေါသတကြီး အော်လိုက် သောကြောင့် ရှင်းရှင်း အလျင်အမြန်ပင် မတ်တပ်ရပ် လိုက်သည်။

“ထားလိုက်ပါ မတော်တဆပဲဟာ”

ရှင်းရှင်း လည်းခပ်တည်တည်နေရင်း ဆိုလိုက်သည်။

“သူကဘယ်သူလဲမင်းကြီး”

“ဘယ်သူ ရှိရမလဲ။မနေ့က ဖန်အိမ်တော် ကဆက်သထားတဲ့ ကိုယ်လုပ်တော်လေ “

ဖန်အိမ်က ဆက်သတဲ့ကိုယ်လုပ်တော် ဆိုသော စကားကြောင့် ရှင်းရှင်းမှာ ဖန်အာ့ကို ကြည့်မိသည်။ ထိုအခိုက် သူမမျက်လုံးမှ သနားခြင်း အရိပ်အယောင် ဖြတ်သွားလေတော့သည်။ မဟုတ်ဘူး သနားတာထက် သူမ အားနာသလို ဖြစ်တာ ပိုလို့ပင် များမည်။

“ ဒါနဲ့ဦးရီးတော် တော်ဝင်ကိုယ်လုပ်တော် ဟွာပန်လု ဘာထဖြစ်တာလဲ”

အိုက်ဖန်း လီဟန်ပွေ့ချီထားသော ပန်လုကို ကြည့်ရင်းမေးလိုက်သည်။

“သြော် ဒါလား သူအခုပင်ပန်းနေလို့ မြင်ချင်တာတွေ မြင်နေတာပါ မင်းကြီးခွင့်လွှတ်ပေးလိုက်ပါ”

လီဟန်တစ်ယောက် မင်းကြီး ပန်လုကို တစ်ခုခုလုပ်မှာစိုးလို့ တောင်းပန်လိုက်သည်။ အားချုံ အမည်ကို မင်းကြီးရှေ့မှာ ခေါ်ရဲတဲ့ ပန်လု့ကို လီဟန် လေးစားမိတာအမှန်ပါ.....။

“မင်းကြီး ကျွန်တော်မျိုးတို့ကို ညီလာခံကိုခေါ်တာ ဘာကိစ္စများလဲ”

အန်းဟာ ကဆိုလိုက်လေသည်။ တကယ်တော့ ညီလာခံကို မင်းကြီးနှင့် မိဖုရားခေါင်သခင်မသာ တက်ရောက်ခွင့်ရှိသည်။ သူတို့ကဲ့သို့ တော်ဝင် ကြင်ယာတော် မဆိုထားနှင့် ဒုမိဖုရားခေါင်ပင် တက်ရောက်ပိုင်ခွင့်မှာ မရှိပေ။

“ကိုယ်တော် ကိစ္စတစ်ခုကို အသေအချာသိချင်လို့ “

အန်းဟာ မည်သည့်ကိစ္စဖြစ်မလဲဆိုသည်ကို စဉ်းစားနေမိသည်။ ဘာလိုကိစ္စကြောင့် မိမိနှင့် အန်းဟွာ ကိုပါဆင့် ခေါ်ရတာလဲ။ ဖေမုရုံကရော ဘာလို့မလာတာလဲ။

အမုန်းဆုံးကိုယ်လုပ်တော်(New Version)(Complete)Donde viven las historias. Descúbrelo ahora