အပိုင်း ၂၁
”ခွင့်လွှတ်ပေးကြပါ။ ကျွန်မမောင်လေးရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို”
ရှင်းရှင်း တစ်ယောက် သူမမောင်လေးအားချုံ သတ်ခဲ့သည့်လူများကို စိတ်ထဲမှတောင်းပန်လေသည်။
တမန်လွန်ကနေ စောင့်ကြည့်နေသေးသည်ဟု သူမ ထင်မိသည်။ စောင့်ကြည့်နေရင်လည်း အားချုံလေးကို
စိတ်ဆိုးပြီး လက်စားချေမည်ကို စိတ်ပူမိသည်။
”မိဖုရားခေါင် ဘာလုပ်နေတာလဲ ”
လီလီတစ်ယောက် သူမရှေ့တွင် လက်အုပ်ချီလျက် တစ်ခုခုက်ို ဆုတောင်းနေသော ရှင်းရှင်းကို တွေ့သဖြင့် လာမေးလေသည်။
”ဘာမှမလုပ်ပါဘူး ဒီအတိုင်းပဲ”
ရှင်းရှင်း ဘာမှမဟုတ် သလိုပြောခဲ့သည်။
”အားချုံ မသေဘူးသိလား ”
”အင်း”
အမှန်မှာ မနေ့ညက အားချုံကို ပုန်းမနေခိုင်း တော့ပဲ ထွက်လာခိုင်းခြင်းသာ ဖြစ်လေသည် ပြီးတော့ သူတို့ဖန်အိမ်ကို လက်စားချေဖို့ လုပ်နေသည်။ အားချုံ လုပ်ခ်ိုင်းသမျှ လီဖန်းမလုပ်မီ အချိန်မီ သူမ အစီရင်ကို ပယ်ဖျတ်လိုက်ခြင်းဖြစ်သည်။
”မိဖုရားမူဟန်ကတော့ ဒေါပွနေလေပြီ”
လီလီ ထင်တာ တကယ်ဖြစ်နေသည်။ မူဟန်တစ်ယောက် သူမ အဆောင်ထဲတွင် အရူးတစ်ယောက်လို သောင်းကျန်းနေလေသည်။
”အိပ်တော့ မိုးချုပ်နေပြီ ကျွန်မလည်းပြန်ပြီ”
လီလီတစ်ယောက် ရှင်းရှင်း၏ပါးကို ညစ်လိုက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။
”ဗျာ မင်းကြီးက အောက်လမ်းနဲ့ပြုစားခံရတယ်”
BẠN ĐANG ĐỌC
အမုန်းဆုံးကိုယ်လုပ်တော်(New Version)(Complete)
Tiểu thuyết Lịch sửအရှင်အတွက်ကျွန်တော်ဟာ အမုန်းဆုံးကိုယ်လုပ်တော်တစ်ယောက်ထက် မပိုခဲ့ပါဘူး...