Chapter 16

19 3 0
                                    

အပိုင်း ၁၆

”ဒီနေ့ ရာသီဥတုက သာယာတယ်နော်”

             ဖေမုရုံတစ်ယောက် သူ၏ဓားကို သွေးနေစဉ် စကားလာပြောသော လီဖန်းကြောင့် မော့ကြည့် မိသည်။

            အိမ်ရှေ့စံမင်းသားလေး ဖြစ်သည့်အလျောက် လီဖန်းပုံက အနည်းငယ် ခက်ထန်ပေမယ့် လီဖန်းက ဖေမုရုံအပေါ်ကိုတော့ ကောင်းကောင်းမွန်မွန်ပင် ဆက်ဆံခဲ့သည်လေ။

” အရှင့်သား ကျွန်တော်မျိုး အမကိုလာရှာတာလား”

          ဖေမုရုံက သူ၏ သွေးနေသော ဓားကို သေချာစွာ

ဓားအိမ်ထဲထည့်လိုက်သည်။

”ဟုတ်တယ်။ ကိုယ်အစက အမကိုလာတွေ့မလို့ပါဘဲ  ဒါပေမယ့် အခုမဟုတ်တော့ဘူး”

           လီဖန်း ပြောပြီးသည်နှင့် ဖေမုရုံ၏ လက်ကို လှမ်းကိုင်လိုက်တော့ ဖေမုရုံ လက်ထဲမှဓားမှာ လွတ်ကျသွားလေသည်။

”အရှင့်သား”

                လျင်မြန်စွာပင် ကျရောက်လာသည့်  နှုတ်ခမ်းတစ်စုံကို ဖေမုရုံမှာ ရုတ်တရပ်မို့ မရှောင်လွှဲ လိုက်နိုင်ပေ။

”ကိုယ် ရက်စက်မှတ်လား မောင်နှမ နှစ်ယောက်လုံးကို

ကြိုက်တာမို့”

            ဖယ်ခွာလိုက်သော နှုတ်ခမ်းကြောင့် ဖေမုရုံမှာ အသက်ရှုလို့ သက်သာ သွားလေသည်။

”အိမ်ရှေ့မင်းသား”

                      ထပ်မံကျရောက်တော့မည့် နှုတ်ခမ်းတစ်စုံက်ို လှမ်းတားလိုက်သူကတော့ အခြားလူမဟုတ် ချန်ဝမ်ပါလေ။

”အမတော်”

               ဖေမုရုံတစ်ယောက်လည်း အစ်မတော် ချန်ဝမ် ဝင်တားသည်မှ လီဖန်းကို တွန်းဖယ်မိသည်။

အမုန်းဆုံးကိုယ်လုပ်တော်(New Version)(Complete)Donde viven las historias. Descúbrelo ahora