အပိုင်း ၃၆
“တောက် ဘယ်လိုတောင်”
အိုက်ဖန်းတစ်ယောက် ဖန်အိမ်တော်ကို ရောက်သည်နှင့် အခန်းတံခါးကို ပိတ်ကာ အခန်းထဲတွင် ပစ္စည်းတွေကို စိတ်ကြိုက်ပင် ကိုင်ပေါက်နေလေတော့သည်။
အိုက်ဖန်း ညနေက ကိစ္စကို လုံးဝမကျေနပ်ပေ။ ထိုဘုရင်ဆိုသူရှေ့ ဖန်အာ့မျက်နှာက ရှက်ရွံ့ နေသည့်ပုံပေါက် နေသောကြောင့်ပင်။
“အာဏာသုံးပြီး ဖန်အာ့ကို သိမ်းပိုက်တဲ့ဘုရင် မင်းမကြာခင် ငါ့လက်နဲ့သေစေရမယ်”
အိုက်ဖန်းတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်းနံရံနဲ့လက်သီးကို ဆောင့်လိုက်တော့ ဘယ်လောက်ထိတောင် အသံကျယ်သွားလဲမသိ တံခါးဝမှ ရေခွက်ကျကွဲသွားသံကြားရသည်။
“ဘယ်သူလဲ “
“ကျွန်မပါ”
အသံကတော့ ငယ်သေးသည့် မိန်းကလေးအသံဖြစ်တာကြောင့် ရွဲ့လန်လန်၏ အသံဆိုတာ မပြောလဲ သိနေလေသည်။
“ဘာလာလုပ်တာလဲ “
“ကျွန်မ ကြားလာတာက အစ်ကို ဖန်အာနဲ့သွားတွေ့တယ်ဆို ဟုတ်လား”
လန်လန်ကဆို၏ ။
“မင်းနဲ့ဘာမှမဆိုင်ဘူး”
အိုက်ဖန်းကပြောပေတော့ လန်လန်လည်း ဘာမှအတွန့်မတက်ရဲပါ။
“နောက်အပတ်ကြ အစ်ကိုနဲ့ကျွန်မနဲ့ လက်ထပ်ပွဲ ဖန်အာနဲ့ မင်းကြီးကတက်မယ်လို့လဲကြားတယ်။ အစ်ကိုလည်းအဆင်သင့်ပြင်ထားပါ”
ပြောပြီးသည်နှင့် ဖန်ခွက်အကွဲကို ကိုင်ပြီးလန်လန်ထွက်သွားခဲ့သည်။ အိုက်ဖန်းတစ်ယောက်ကတော့ ယောကျာ်းကြီးရင့်မာကြီး တန်ပေမယ့် တစ်ခုတွေးမိသည်။ သူသေချင်သည်ဟူ၍ပေါ့။
YOU ARE READING
အမုန်းဆုံးကိုယ်လုပ်တော်(New Version)(Complete)
Historical Fictionအရှင်အတွက်ကျွန်တော်ဟာ အမုန်းဆုံးကိုယ်လုပ်တော်တစ်ယောက်ထက် မပိုခဲ့ပါဘူး...