အပိုင်း ၂၀
”ချွင် ချလွင်”
အလစ် ဝင်လာသော ချန်ဝမ်၏ ဓားချက်ကို ဖေမုရုံ အလွယ်တကူ ခုခံလိုက်သည်။ ဖေမုရုံရဲ့ တိုက်ခိုက်မှုကိုလည်း ချန်ဝမ် အလွယ်တကူ ရှောင်တိမ်း နိုင်ခဲ့လေသည်။ မောင်နှမ ဖြစ်ခဲ့သော်လည်း တစ်ဦးကိုတစ်ဦး ညှာတာခြင်းမရှိ ။ လေ့ကျင့်နေသည်နှင့် လည်းမတူပေ။ စစ်ပွဲမြေမှာ တကယ်အသေအကြေ တိုက်ခိုက်နေသည့် စစ်သူကြီး
နှစ်ယောက်အသွင်။
”မောင်လေး။ မင်းတိုးတက်လာပြီ”
သူမ ပြောပြီးသည်နှင့် ။ သူမဓားကို ဖေမုရုံရဲ့ လည်ပင်းနားကပ်လိုက်သည်။
”အမတော်ပြောတာမှန်တယ် ။ ”
ဖေမုရုံရဲ့ ဓားမှာလည်း ချန်ဝမ်၏ ဗိုက်နားတွင်ချန်ဝမ်ပြုံးပြီးတော့ သူမဓားကို ဖယ်လိုက်တော့ ဖေမုရုံလည်း သူ့ဓားကို ဖယ်လ်ိုက်သည်။ ချန်ဝမ် တစ်ယောက် ပျော်မိသည်။ နောက်ဆုံးတော့ သူမမောင်လေးဟာ သူမနှင့် လက်ရည်တူလာခဲ့ပြီ။
ံ”အိုး…..အမတော်ချန် တော်လိုက်တာ”
ကြည့်နေသောအန်းဟွာဟာ ချန်ဝမ်ကို လက်ခုပ်တီးပြီး အားပေးလိုက်သည်။ ချန်ဝမ်ကတော့ မသိမသာလေး ပြုံးလိုက်သည်။
”အင်း ငါ့ကိုချီးကျူးမဲ့အစား ငါ့မောင်တော်လေးကို ချီးကျူးပေးပါ”
သူမက ဖေမုရုံရဲ့ ပုခုံးပေါ်သို့လက်တင်ကာ ဆို၏။
”နှစ်ယောက်လုံး တော်ပါတယ်”
ဖန်အာ ကတော့ နှစ်ယောက်လုံးကို ချီးကျူးခဲ့သည်။ ပြီးတော့ ဖန်အာက ချန်ဝမ်၏ သားတော်လေးကို သူ့မယ်တော် လက်ထဲ ပြန်ထည့် ပေးလိုက်သည်။
”ရပါတယ်။ မင်းကိုမေးဖို့မေ့နေတာ မင်းက ကိုယ်လုပ်တော် အသစ်လေးမှတ်လား”
ချန်ဝမ်မေးလိုက်လေသည်။
”ဟုတ်ပါတယ်။ ကျွန်တော့်နာမည်က ဖန်အာပါ။ ဖန်အိမ်တော်ကပါ”
”မင်းနာမည်ကိုသာ မသိတာပါ။ မင်းက ဖန်အိမ်သားမှန်းသိပါတယ်”
ဖေမုရုံက ပြောပြခဲ့သည်။
”ဖန်အာ။ အချိန်ရရင် ငါတို့ မင်းနဲ့ပြောစရာရှိတယ် ။ နားထောင်ပေးနိုင်မလား”
”ဟုတ် ။ ကျွန်တော်နားထောင်ပေးပါ့မယ် သခင်လေး”
ဖန်အာ စကားကြားတော့ ဖေမုရုံ မသိမသာ ပြုံးလိုက်သည်။
”မင်းက ဖန်အိမ်သားအစစ် မဟုတ်ဘူးမှတ်လား”
ဖေမုရုံစကားကြောင့် ဖန်အာ အလန့်တကြား ဖြစ်သွားသည်။ ဖေမုရုံရဲ့ ရုပ်က တစ်ခုခုကို သတ်ိပေးချင်နေပုံပင်။
VOUS LISEZ
အမုန်းဆုံးကိုယ်လုပ်တော်(New Version)(Complete)
Fiction Historiqueအရှင်အတွက်ကျွန်တော်ဟာ အမုန်းဆုံးကိုယ်လုပ်တော်တစ်ယောက်ထက် မပိုခဲ့ပါဘူး...