အပိုင်း ၁၂
“ဟေ့ ချန်မော့ သွားသောက်ကြမလား”
ရုတ်တရပ် အိုက်ထျန်းတစ်ယောက်မှာ သူ့အား ထိုစကားဆိုတော့ ချန်မော့ အံသြမိသည်။ အိုက်ထျန်းဆီမှ ထိုစကားကို ပျော်တဲ့အချိန်နဲ့ ဝမ်းနည်းသည့်အချိန်မှာသာ ကြားရတာလေ။လိုက်သွားချင်မိသည် ဒါပေမယ့် သူ မအားပါ။
“ကျွန်တော် အလုပ်တွေရှုပ်.....”
ချန်မော့ ဆီမှ ထိုစကားကြားတော့ အိုက်ထျန်း တောက်တစ်ချက် ခေါက်လိုက်သည်။
“မင်းက သခင်လေးလား အစေခံလား။ အစေခံဆိုတာ ကိုယ့်သခင်ရဲ့ အမိန့်ကိုနာခံရတယ်”
“ကောင်းပါပြီ သခင်လေး”
ချန်မော့ လည်း လိုက်ပေးလိုက်သည်။ အိုက်ထျန်းမှာက အကျင့်ဆိုးဟုပင်ခေါ်ရမလား မကောင်းသည့်အရာဟုပင်ဆိုရမလား တစ်ချက် ရှိသည်။ ထိုအရာက သူခိုင်းသည့်အလုပ်ကို မလုပ်တာပဲ ဖြစ်ဖြစ် သူ့အမိန့်မနာခံတာပဲ ဖြစ်ဖြစ် သခင်လေးဆိုတာတဲ့ ကိုင်ပေါက်တတ်သည်။ သူ့ အခင်ဆုံးသူငယ်ချင်း ဖြစ်သည့် ချန်မော့ကိုတောင် ကိုင်ကိုင်ပေါက်သည်။
အတန်ကြာ စျေးထဲသို့ လမ်းလျှောက်သွားတော့ စျေးကြီးသည့်ပုံနှင့် သေရည်ဆိုင် ကိုတွေ့လိုက်သည်။
“ဒီဆိုင်က သေရည်ကို မြည်းစမ်းကြည့်ရအောင်”
အစက အိုက်ထျန်း သွားနေကြဆိုင်ပဲ သွားမလို့ပါဘဲ အသစ်ဖွင့်သည့် ဆိုင်သစ်ကလေးကို တွေ့တော့ စမ်းသောက်ကြည့်ချင်သည်နှင့် အထဲသို့ ဝင်သွားလေသည်။
“လှလိုက်တာ”
ဆိုင်အတွင်းထဲက အပြင်အဆင်တွေဟာ အလွန်သပ်ရပ်နေသည်။ ပြီးတော့ အခန်းတွေနှင့်..... ။
အခန်းတွေနှင့်ဆိုမှ အိုက်ထျန်း တစ်ခုကိုသတ်ိ ရသွားသည်။ ဒါ သာမန် သေရည်ဆိုင် မဖြစ်နိုင်တော့။
YOU ARE READING
အမုန်းဆုံးကိုယ်လုပ်တော်(New Version)(Complete)
Historical Fictionအရှင်အတွက်ကျွန်တော်ဟာ အမုန်းဆုံးကိုယ်လုပ်တော်တစ်ယောက်ထက် မပိုခဲ့ပါဘူး...