အပိုင်း ၁၃
“အားချုံ”
လီဖန်း တကယ်ကြီးပင် အံသြမိသည်။ မယုံနိုင်ပေမယ့် ယခုသူ့ရှေ့တွင်ရှိနေသည်က အားချုံပင် ။ သူဟာ အားချုံဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူအားချုံကို ဆက်မပျောက်ကွယ် စေချင်ပါ။
“အရှင်”
လီဖန်း အစကသူကအရင် စဖတ်မလို့ပါလေ သို့ပေတိုင်လည်းအရင် ဖတ်လိုက်သူက အားချုံပါလေ။
“ကိုယ်တော်ရဲ့ အားချုံလေး ကိုယ်တော့် ဆီပြန်လာပြီပဲ ကိုယ်တော်တို့ကို ဘာလို့ သေတယ် ထင်အောင်လုပ်တာလဲ”
“မင်းကြီး ဖန်အိမ်သားတွေက ရက်စက်ယုတ်မာတယ် ကျွန်တော့်ကိုနှိပ်စက်တယ် ကျွန်တော်ကအရှင့်ရဲ့ အချစ်ဆုံးမို့လို့လေ ကျွန်တော့်ကိုအကျပ်ကိုင်တယ် အရှင့်ကိုမလုပ်ကြံရင် ကျွန်တော့်ကိုသတ်မယ်လို့။ ဒါပေမယ့် ကျွန်တော် အရှင့်ကိုအသတ်ရှင်စေချင်တယ် ဒါကြောင့်ကျွန်တော် မြစ်ထဲခုန်ချခဲ့တာပါ”
အားချုံ မင်းကြီး ရင်ခွင်ထဲ ဝင်ကာ အတတ်နိုင်ဆုံး ချွဲကာဆို၏။ အားချုံစကားတွေက အလိမ်အညာမှန်း လူတိုင်းသိသော်လည်း မင်းကြီးကတော့ မျက်စိပိတ် နားပိတ်ယုံခဲ့သည်။
“အတင့်ရဲတဲ့ ဖန်အိမ်သားတွေ “
ပြောပြောဆိုဆို ဓားကို ယူကာ အပြင်သို့ ထွက်ဖို့ပြင်နေသော မင်းကြီးရှေ့ အန်းဟွာ ဒူးထောက်ချ လိုက်သည်။
“မင်းကြီး.... မင်းကြီး ဖန်အိမ်သားတွေကို လက်စားချေပြီးပြီလေ သူတို့ကို လွှတ်ပေးလိုက်ပါတော့ မင်းကြီး”
“အန်းဟွာ မောင်မင်းက ဘာသိလို့လဲ ဖန်အိမ်တော် အကြောင်းကို”
အန်းဟွာ ဟက်ခနဲရယ်လိုက်သည်။
“ဖန်အိမ်သားတွေ ရက်စက်တယ် မရက်စက်ဘူးဆိုတာ ကျွန်တော် သိဖို့ မလိုဘူး ကျွန်တော်သိတာ တစ်ခုရှိတယ် အဲဒါက ဖန်အာ ကဘာမှမလုပ်ဘူးဆိုတာပဲ”
ESTÁS LEYENDO
အမုန်းဆုံးကိုယ်လုပ်တော်(New Version)(Complete)
Ficción históricaအရှင်အတွက်ကျွန်တော်ဟာ အမုန်းဆုံးကိုယ်လုပ်တော်တစ်ယောက်ထက် မပိုခဲ့ပါဘူး...