**မင်းကိုချစ်တယ် - မင်းကိုမုန်းတယ်**
"အန်ကယ်တို့ တကယ်စိတ်မကောင်းပါဘူး ပလန်ရယ်။ အခု သူတို့နှစ်ယောက်လုံး ငြိမ်းချမ်းရာမှာ အနားယူသွားရှာပါပြီ"
ဖေဖေနှင့် မေမေ၏ စျာပနပွဲတွင် အန်ကယ်ပူးနှင့် ဖရန့် ကျွန်မအား နှစ်သိမ့်ပေးစဉ် ကျွန်မတုတ်တုတ်မလှုပ်ပဲ ရပ်၍သာနေနေမိသည်။ ကျွန်မနံဘေးတွင် လေပြည်လေးဖြတ်တိုက်သွားသကဲ့သို့ပင် အန်ကယ်ပူးနှင့် ဖရန့်တို့၏ နှစ်သိမ့်ပေးမှုသည် ကျွန်မနားထဲသို့မဝင်ပေ။ ကျွန်မနှလုံးသားတစ်ခုလုံး ကြေကွဲဆို့နင့်နေသည်။ ကျွန်မအချစ်ရဆုံး လူနှစ်ဦးသည် ကျွန်မမျက်စိရှေ့၌ပင် ဆုံးပါးသွားပြီး ကျွန်မအား ဤလောကကြီးတွင် တစ်ယောက်တည်းချန်သွားလေသည်။
အခြားဘယ်သူနှင့်မှ မသက်ဆိုင်သော ကျွန်မ၏ ကိုယ်ပိုင်ကမ္ဘာတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့လေပြီ။ တစ်နေ့တည်းအတွင်း ကျွန်မအဖေသည်ကိုယ့်ကိုကိုသတ်သေပြီး ကျွန်မအမေတွင် နှလုံးရောဂါရှိနေကြောင်း ကျွန်မ မျက်ဝါးထင်ထင်တွေ့လိုက်ရသည်။ ထိုနေ့နှင့်ပတ်သတ်၍ မှတ်ဉာဏ်များအား ကျွန်မမမှတ်မိချင်ပေ။ သို့သော် ကျွန်မမေ့ပစ်ဖို့ ကြိုးစားလေလေ တစ်ဖြည်းဖြည်း ထိုနေ့မှပုံရိပ်များမှာ ပို၍ထင်ရှားလာလေဖြစ်သည်။ အထူးသဖြင့် The Glock 17, 9mm
ကျွန်မ အဖေ ကိုယ့်ကိုကိုယ်သတ်သေရာတွင် သုံးခဲ့သည့်သေနတ်အမျိုးအစားဖြစ်သည်။
(ကျည်ဆံအမျိုးအစား 9mm ထည့်၍သုံးရသော ပစ်စတို(သေနတ်) အမျိုးအစားတစ်ခု၏ နာမည်နှင့်မော်ဒယ်)ကျွန်မအခု ဧည့်သည်မရှိသလောက်နည်းပါးသော ဖေဖေနှင့် မေမေ၏စျာပနပွဲတွင်ရှိနေခြင်းဖြစ်သည်။ ဖေဖေအသက်ရှင်စဉ်တွင် မိတ်ဆွေအများအပြားရှိသယောင် ဧည့်သည်အများအပြားလာတွေ့ကြသော်လည်း ဖေဖေဆုံးပါးသွားပြီး ကုမ္ပဏီဒေဝါလီခံသွားသောအခါတွင် ထိုဧည့်သည်အများအပြား၏ အရိပ်အယောင်ပင်မတွေ့ရတော့ပေ။ သမီးဖြစ်သူ ကျွန်မတစ်ယောက်တည်း စျာပန ပွဲအစမှ အဆုံးထိထိုင်နေမိသည်။ အလောင်းအား သဂြိုလ်မည့်နေ့မတိုင်ခင်ထိ ကျွန်မတစ်ယောက်တည်းပင်ဖြစ်နေသည်။
YOU ARE READING
အငယ်အနှောင်း (Affair)
RomanceAffair gl series ၏ မူရင်းဝတ္ထုကို မြန်မာဘာသာပြန်၍ ရေးသားထားခြင်းသာဖြစ်ပါသည်။ တစ်ခုခု အမှားပါခဲ့သည်ရှိသော် ဘာသာပြန်ဆိုသူ ကျွန်မ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည် ။ T.L.S.L