6. Since When?

180 18 3
                                    

**Since When? (ဘယ်ချိန်တည်းကလဲ)**

မနက် ၂ နာရီ :

"အင်းးးးးးဟင်းးးးးးး(ဝမ်ဝီဝါ၏ညည်းသံ)"

မနက် ၃ နာရီ :

"အင်းးးးးးဟင်းးးးးးး(ဝမ်ဝီဝါ၏ညည်းသံ)"

မနက် ၄ နာရီ :

"အင်းးးးးးဟင်းးးးးးး(ဝမ်ဝီဝါ၏ညည်းသံ)"

မနက် ၇ နာရီ!!!
မနက် ၇ နာရီပင်ထိုးနေလေပြီ။ ထိုအချိန်သည် ကျွန်မပုံမှန်အိပ်ယာထသည့်အချိန်ဖြစ်ပါသော်လည်း ဒီနေ့သည် ပိတ်ရက်ဖြစ်သည့်အတွက် အိမ်စာတွေ ကျောင်းစာတွေ ဘာမှစိတ်ပူစရာမလိုပဲ ကျွန်မနောက်ကျသည်အထိ အိပ်ယာထဲ လှိမ့်နေလိုက်သည်။

နောက်ဆုံးတွင် တစ်ညလုံးအိပ်မရသဖြင့် ခေါင်းကိုက်စွာကျွန်မစိတ်တိုလျက် ထထိုင်လိုက်သည်။ ကျွန်မမျက်ခွံများလေးနေသော်လည်း ဦးနှောက်ကကျွန်မဖြစ်စေချင်သကဲ့သို့အိပ်မရနေပေ။ ကျွန်မခေါင်းထဲတွင် မနေ့ညက ရေချိုးကန်ထဲရှိ ဝမ်ဝီဝါ၏ ညည်းသံကိုသာထပ်ခါတလဲလဲကြားနေရလေသည်။ ထို့ပြင် ကျွန်မခံစားနေရသည့် ပြင်းထန်သည့်ခံစားချက်သည့် မည်သည့်ခံစားချက်ဖြစ်မှန်း ကျွန်မမသိပေ။

ကျွန်မအိပ်ယာထလိုက်ပြီး ပုံမှန်ကဲ့သို့ပင် ပြင်ဆင်စရာရှိသည်ကိုပြင်ဆင်လိုက်လေသည်။ သို့သော် ပုံမှန်မဟုတ်သည့် ကိစ္စတစ်ခုမှာ ဝမ်ဝီဝါနှင့် မျက်နှာချင်းဆိုင်ရမည့် ကိစ္စပင်။

"အိုးး!!"

အန်တီဝီနှင့် အတူတူအပြင်သွားကာ ပြန်လာသောဝမ်သည် မနက်စောစော အိမ်ရှေ့တွင် ကျွန်မရပ်နေသည်ကိုတွေ့သောအခါ အံဩစွာအာမေဋိတ်သံထွက်လာသည်။

ဝမ်၏ "အိုးး!!" ဆိုသည့်အသံသည် ဒီနေ့ကျမှ ကျွန်မအတွက် ထူးဆန်းနေသည်။

ဝမ့်အသံသည် အရမ်းဆွဲဆောင်မှုပြင်းပြနေသလိုပင်ဖြစ်နေသည်။ ကျွန်မဘာတွေဖြစ်နေမှန်း ကျွန်မကိုယ်ကျွန်မမသိတော့ပေ။

"ဘယ်လိုအသံကြီးလဲ" ကျွန်မလက်ပိုက်၍ ကျွန်မကိုယ်ကျွန်မဖက်လိုက်ကာ ဘာမှမဖြစ်သလိုပင် ကျွန်မခံစားနေရသည့် အမည်ဖော်မတတ်သော ခံစားချက်ကို လျစ်လျူရှုလိုက်သည်။

အငယ်အနှောင်း (Affair)Where stories live. Discover now