**Jealous(သဝန်တိုမှု)**
"ပလန် ရှင်ဘာလို့ကျွန်မကိုစကားမပြောတာလဲ"
ကျောင်းသွားရန် အိမ်မှစထွက်ချိန်မှစ၍ ဝမ်သည်ကျွန်မအား ထိုမေးခွန်းကိုပင်အဆင်မပြတ်မေးနေသည်။
ကျွန်မ တစ်ခွန်းမှစကားမပြော တစ်ခုမှပြန်မဖြေ ဝမ့်ကိုလည်းမကြည့် ကျွန်မတို့ကားပေါ်မှဆင်းကာ ကျောင်းသို့ ရောက်သည်အထိ ကျွန်မဘာမှမတုံ့ပြန်ပေ။
ကျွန်မ၏ အချစ်ရဆုံးသူငယ်ချင်းက ကျွန်မအားလိမ်သည့်အတွက် ကျွန်မအရမ်းအရမ်းကို ဒေါသထွက်လေသည်။
မနေ့ကမှစ၍ ယခုတိုင်အောင် ကျွန်မဒေါသတို့မပြေနိုင်သေးပေ။"ကျွန်မငိုမိတော့မယ်ပလန်... ကျွန်မဘာအမှားလုပ်မိလို့လဲ"
ဝမ်သည် တုန်ရီနေသော နှာသံဖြင့် ကျွန်မ၏အနောက်မှနေ၍ပြောလာသည်။
ပုံမှန်အားဖြင့် ပြုံးနေလျက်ရှိသော်လည်း ယခုအခါတွင် ပြိုတော့မည့်မိုးပမာ ဝမ်းနည်းနေရှာသော မိန်းမငယ်လေးအား ကျွန်မလှည့်ကြည့်လိုက်သည်။
ဝမ်သည် ကျွန်မအားတည့်တည့်မကြည့်ဘဲ ကြမ်းပြင်သို့အကြည့်လွှဲထားလေသည်။"ကလေးလည်းမဟုတ်ဘဲနဲ့.... မငိုနဲ့တော့"
မနေ့ညကမှစ၍ ကျွန်မပထမဆုံးဆုံးပြောလိုက်သောစကားဖြစ်သည်။
မနေ့ညက ဝမ်သည် နာရီဝက်ကျော်လောက်ထိ ကျွန်မအခန်းတံခါးကိုခေါက်၍တောင်းပန်လေသည်။ ကျွန်မမဖွင့်ပေးမည်ကိုသိသဖြင့် နောက်ဆုံးတွင် အခန်းပြန်သွားလေသည်။
ဒီတစ်မနက်လုံးတွင်လည်း ကျွန်မဝမ့်အား စကားမပြောပေ။
သို့ဖြစ်၍အပြစ်ပေးတာလုံလောက်ပြီဟု ကျွန်မတွေးမိသည်။"ရှင်ကျွန်မကိုစကားမပြောဘူးလေ ပလန်"
မိန်းမငယ်လေးဝမ်သည် မျက်ရည်များကိုသုတ်ပစ်ကာ
"ကျွန်မဘာအမှားလုပ်မိလို့လဲဟင် ""မင်းဘာလုပ်မိလည်း ကိုယ်တိုင်ပြန်စဉ်းစားကြည့်"
"ကျွန်မမသိဘူးးး"
"အင်း"
ကျွန်မလှည့်ထွက်ကာ ကျောင်းဝင်းထဲဝင်လုဆဲဆဲတွင် ကျွန်မ၏အနောက်ဘက်မှ ကလေးငယ်ကဲ့သို့ခြေဆောင့်ကာ ငိုနေသော ကျွန်မ၏သူငယ်ချင်းမလေးကိုတွေ့လိုက်ရသည်။
![](https://img.wattpad.com/cover/376451268-288-k908679.jpg)
YOU ARE READING
အငယ်အနှောင်း (Affair)
RomanceAffair gl series ၏ မူရင်းဝတ္ထုကို မြန်မာဘာသာပြန်၍ ရေးသားထားခြင်းသာဖြစ်ပါသည်။ တစ်ခုခု အမှားပါခဲ့သည်ရှိသော် ဘာသာပြန်ဆိုသူ ကျွန်မ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည် ။ T.L.S.L