3. Liar

247 22 5
                                    

**Liar (လူလိမ်)**

ကျောင်းပိတ်ရက်ဖြစ်သည့်အတွက် ကျွန်မပြန်အိပ်ရန်ကြိုးစားပါသော်လည်း အပြင်ဘက်ရှိဆူညံသံတို့ကြောင့်အိပ်ယာမှထလိုက်ရတော့သည်။
ကျွန်မ မကျေမနပ်ဖြစ်ကာ ဆူညံသံကြားရာအိမ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။
ပုံမှန်အားဖြင့် အစောကြီးရောက်လာလေ့မရှိသော ဖရန့်ခ်နှင့် ကျွန်မ၏သူငယ်ချင်းမလေးဝမ်အား တူတူတွဲလျက်တွေ့လိုက်ရလေသည်။

"ဘာလုပ်နေကြတာလဲ"

ဖရန့်ခ်သည် ဝမ်ဝီဝါ၏ စက်ဘီးအားထိန်းပေးနေသည်ကို သတိလက်လွတ်ဖြစ်ကာလွှတ်၍ ကျွန်မဘက်လှည့်ကာ နှုတ်ဆက်လေသည်။

ထိုအချိန်တွင် ဘိုင်းခနဲ အသံကျယ်ကြီးထွက်ပေါ်လာကာ ဝမ်သည် စက်ဘီးမှောက်၍ ပြုတ်ကျလေသည်။
ဝမ်သည် အလွန်နာသဖြင့် ကလေးတစ်ယောက်သဖွယ် မျက်ရည်များပင်ဝိုင်းလာလေသည်။

"ဝမ်!!!!"

"ဝမ်!!!!" (ဖရန့်ခ်၏ခေါ်သံ)

ဝမ့်အားဆွဲထူရန် ကျွန်မအပြေးသွားလိုက်သော်လည်း ဝမ့်အနီးတွင်ရှိသော ဖရန့်ခ်က အရင်ပြေးထူလိုက်သောကြောင့် ကျွန်မ ကြောင်၍ရပ်နေကာ ဘာတွေဖြစ်နေမှန်း စူးစမ်းရန် ဦးနှောက်အားအလုပ်ပေးလိုက်သည်။
ကျွန်မအဖေသူငယ်ချင်း၏သား(ဖရန့်ခ်)သည် ဝမ့်အားဆွဲထူပေးကာ အဝတ်ပေါ်ရှိ ဖုန်များအား ခါပေးနေလေသည်။
ဝမ်ဝီဝါ၏ ခြစ်ရာဒဏ်ချက်တွေဖြင့်ပြည့်နေသော ခြေတံသွယ်သွယ်တို့အား ကျွန်မ အကြည့်ရောက်မိသည်။

"မင်းမနက်အစောကြီး ဘာထလုပ်နေတာလဲ"

"ကျွန်မစက်ဘီးစီး တတ်အောင်လေ့ကျင့်မလို့ပါ"

"ဘာပြောတယ်??"

"ကျွန်မ စက်ဘီးစီးတတ်တဲ့ဆရာဝန်ဖြစ်ချင်လို့လေ"

"ဟမ်??"

ဝမ်ဝီဝါသည်ကျွန်မအား စိတ်ပါလက်ပါပြုံးပြလေသည်။
ဝမ်ဆိုလိုချင်သည့်အရာကို နားလည်ရန် ကျွန်မအတော်ကြိုးစားစဉ်းစားယူလိုက်ရသည်။

"ဪ မင်းက မဂ်ရိုင်ယန်လိုမျိုးဖြစ်ချင်တာလား"

"မဟုတ်ပါဘူး ။ ကျွန်မက ဝမ်ဝီဝါပဲဖြစ်ချင်တာ မဂ်ရိုင်ယန် လုပ်နိုင်တာ မှန်သမျှ လုပ်နိုင်တဲ့ ဝမ်ဝီဝါ"

အငယ်အနှောင်း (Affair)Donde viven las historias. Descúbrelo ahora