**Don't be a big mouth(ပြောရုံပဲမပြောနဲ့)**
ကျွန်မဘာမှမဖြစ်သလိုဟန်ဆောင် နေပါသော်လည်း အခန်းထဲပြန်ရောက်သောအခါ မျက်ရည်တွေ ပါးပြင်ပေါ်သို့အလိုလို စီးကျလာလေသည်။ နှလုံးတစ်ချက်ခုန်တိုင်း ရင်ဘတ်တွင်းမှနာကျင်မှုကို ခံစားနေရသဖြင့် ရင်အုံ၏ဘယ်ဘက်ခြမ်းအား လက်ဖြင့်ဖိထားကာ ရှိုက်ငိုနေမိသည်။ ကျွန်မ၏တစ်ဦးတည်းသော သူငယ်ချင်းမလေးထံမှ ဤကဲ့သို့ဆက်ဆံခံရသည့် ခံစားချက်သည် ဆိုးရွားလှပေသည်။ ပြောပြမတတ်အောင်ပင် ခံရခက်သည့် ခံစားချက်ပင်ဖြစ်သည်။
ကျွန်မစိတ်သာရာရအောင် ဖြေလျှော့ရန်နည်းလမ်းမှာ စန္ဒယားတီးခြင်း သို့မဟုတ် ရေချိုးခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ ကျွန်မရေချိုးခန်းထဲသို့ဝင်လိုက်ကာ ရေဖွင့်ချလိုက်ပြီး မျက်ရည်များကို ရေနွေးဖြင့် မျောပါသွားစေလိုက်သည်။ အပူပေးစက်မှတစ်ဆင့် ထွက်လာသော ရေနွေးသည် ကျွန်မ၏ခန္ဓာကိုယ်အနှံ့ကို လွှမ်းခြုံသွားကာ ကျွန်မကိုဖက်ထားသကဲ့သို့ခံစားရစေပြီး တစ်ချိန်ထဲမှာပင် ကျွန်မအားလောင်မြိုက်နေစေသလို ခံစားရပြန်သည်။
"ကျွန်မရှင့်ကိုမုန်းတယ်" ဝမ်ဝီဝါ၏စကားသံသည် ကျွန်မနားထဲတွင် ပဲ့တင်သံထပ်နေသကဲ့သို့ ထပ်ခါတလဲလဲ ကြားယောင်နေမိသည်။
မုန်းတယ် ဟူသည့်စကားကို ဝမ်ဝီဝါ့ထံမှ ကြားရလိမ့်မည်ကို ကျွန်မစိတ်တောင်မကူးဖူးပေ။ ဝမ်ဝီဝါသည် ကျွန်မအားအတောက်ပဆုံးအပြုံးတွေနှင့် အမြဲအားပေးနေခဲ့သည့် သူပင်မဟုတ်ပေလော။ ကျွန်မသည် ဝမ့်အပေါ်ထူးဆန်းသည့်ခံစားချက်တွေဖြစ်ပေါ်နေသဖြင့် ဝမ့်အားအဝေးသို့တွန်းပို့မိသည်။ ထို့ကြောင့် ဖြစ်လာသမျှကိစ္စတိုင်းသည် ကျွန်မ၏အပြစ်သာဖြစ်လေသည်။ ကျွန်မနှင့်ဝမ်၏ ကောင်းမွန်သည့်ဆက်ဆံရေးကိုမပျက်စီးစေချင်သည့် ရည်ရွယ်ချက်ကြောင့်လုပ်ခဲ့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ်ကျွန်မတို့နှစ်ယောက်၏ဆက်ဆံရေးသည် ပျက်စီးသွားဟန်ပေါ်လေသည်။
"ကျွန်မရှင့်ကိုမုန်းတယ်"
<သေလိုက်ပါတော့>
ကျွန်မကိုယ်ကျွန်မအပြစ်တင်လျက် ရေချိုးကန်ထဲတွင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်ကာ ဒူးနှစ်ဖက်ကိုခပ်တင်းတင်း ပိုက်ထားမိသည်။ ကျွန်မကိုယ်ပေါ်သို့ ၂ နာရီနီးပါးခန့် ရေနွေးတွေတောက်လျှောက်စီးကျနေသဖြင့် ကျွန်မရေဆာလာလေပြီ။
![](https://img.wattpad.com/cover/376451268-288-k908679.jpg)
BINABASA MO ANG
အငယ်အနှောင်း (Affair)
RomanceAffair gl series ၏ မူရင်းဝတ္ထုကို မြန်မာဘာသာပြန်၍ ရေးသားထားခြင်းသာဖြစ်ပါသည်။ တစ်ခုခု အမှားပါခဲ့သည်ရှိသော် ဘာသာပြန်ဆိုသူ ကျွန်မ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည် ။ T.L.S.L