**Ahhhhhh (ဝမ်ဝီဝါ၏ ညည်းသံ)**
တစ်ယောက်ယောက်ကိုတွဲဖို့...
ကျွန်မထိုအကြောင်းကို ဝမ်စမပြောခင်ထိ မတွေးမိခဲ့ပေ။ ကျွန်မသည် မိသားစု၏ချစ်ခြင်းခံရသည်။ ကျွန်မဘဝကကျွန်မအတွက်ပြည့်စုံနေသည်။ ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်တို့၏ အချစ်ကိစ္စသည် ကျွန်မအတွက်မလိုအပ်သဖြင့် တစ်ခါမှမတွေးမိခဲ့ပေ။တကယ်လို့ ကျွန်မနှင့် ဝမ်သာ အမြဲဤကဲ့သို့ တစ်ဦးအပေါ်တစ်ဦးအရမ်း တွယ်ကပ်လွန်းနေလျှင် ကျွန်မတို့ နှစ်ယောက်လုံး အမြဲတမ်းလူလွတ်(single) ဖြစ်နေပေလိမ့်မည်။အကယ်၍ ဝမ်သာကောင်လေးရှိသွားခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။ သူတို့တွေ လက်ကိုင်ကြလိမ့်မည်။ တပူးပူးရှိနေလိမ့်မည်။ ဖက်ပြီးတီတီတာတာတွေပြောကြပေလိမ့်မည်။ ထိုကောင်လေးသည် ဝမ့်အား ဘက်စ်(bus)ကားပေါ်တွင် ကူညီချင်ကောင်း ကူညီပေလိမ့်မည်။ ဝမ့်ပစ္စည်းပစ္စယတွေကို ကိုင်ပေး သယ်ပေးပေလိမ့်မည်။ ထိုသို့ဆိုရင် ဝမ်သည်ရုတ်တရတ်ကြီး အလွန်အားနွဲ့သည့်မိန်းမသားဖြစ်သွားပေမည်။
ထိုသို့တွေးမိရုံနှင့်တင် ကျွန်မစိတ်အလိုမကျဖြစ်ရသည်။ ဝမ်သည်အရမ်းအားနွဲ့သည့် မိန်းမသားဖြစ်သွားပေလိမ့်မည်။ သူ့အိတ်ကိုပင် သူမသယ်နိုင်တော့ဘဲ ကောင်လေးက ကိုင်ပေးမည်ဖြစ်ပြီး လက်ချင်းချိတ်ကာ လျှောက်သွားကြပေလိမ့်မည်။ တွေးကြည့်ရုံတင် စိတ်ရှုပ်စရာကောင်းလေသည်။
သို့သော်လည်း ကျွန်မတို့ တစ်သက်လုံး လူလွတ်အဖြစ်နေ၍ မဖြစ်သည့်အတွက် ကျွန်မဒါတွေကို နားလည်ပေးဖို့လိုအပ်သည်ဟု ကျွန်မကိုယ်ကျွန်မအသိပေးလိုက်သည်။
တစ်နေ့တွင်ဝမ်သည် ကျောင်းကလုပ်ခိုင်းသည့်အုပ်စုဖွဲ့အိမ်စာ(Assignment) တစ်ခုကြောင့် သူမ၏ငယ်ချင်းအိမ်သို့သွာရန်လိုလာသည်။
"ဒီနေ့မင်း တို့နဲ့အိမ်တူတူမပြန်ဖြစ်ဘူးပေါ့"
"ကျွန်မလုပ်စရာ အိမ်စာရှိနေလို့ပါ"
"အဖွဲ့ထဲမှာဘယ်သူတွေပါလဲ"
"ကျွန်မရဲ့အတန်းဖော်တွေပါတာပေါ့"
KAMU SEDANG MEMBACA
အငယ်အနှောင်း (Affair)
RomansaAffair gl series ၏ မူရင်းဝတ္ထုကို မြန်မာဘာသာပြန်၍ ရေးသားထားခြင်းသာဖြစ်ပါသည်။ တစ်ခုခု အမှားပါခဲ့သည်ရှိသော် ဘာသာပြန်ဆိုသူ ကျွန်မ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည် ။ T.L.S.L