~၁၄~

810 127 14
                                    

"ည မနက်ဖြန်လာမဲ့ဧည့်သည်တွေက pre wedding ရိုက်မှာတဲ့နော် လူလည်းများတော့ တောင်ဘက်အဆောင်ကို ရှင်းထားလိုက်တယ် အနောက်ဆောင်နဲ့အရှေ့ဘက်က လူပြည့်လုနီးပါးဆိုတော့ ထည့်ဖို့အဆင်မပြေတော့ဘူး သူတို့လည်းအတူတူပဲနေချင်မယ်ထင်လို့"

"အိုခေ အစ်မ ည တစ်ချက်ကြည့်လိုက်မယ်လေ သူတို့ဘက်ကဘာတွေ တောင်းဆိုထားတာရှိသေးလဲ"

"ဒီနားအနီးတဝိုက်ကိုတော့ ဖြစ်နိုင်ရင် အစ်မတို့ဘက်ကလိုက်ပြပေးဖို့ပြောထားတယ် resort ထဲမှာလည်းရိုက်ချင်သေးတာဆိုတော့ နည်းနည်းစီစဉ်ပေးဖို့ပြောထားတယ်"

"အိုခေ အဲ့ဒါဆို ကိုဖိုးသားတို့တွေကို ကြိုးတံတားဘက်နဲ့ ရေကန်ဘက်ကို သေချာလေးရှင်းပေးထားဖို့ပြောလိုက်ပါဦး ဪ နှင်းဆီခင်းဘက်ကိုလည်း နှင်းဆီတွေကိုဒီနေ့နဲ့မနက်ဖြန် မကောက်သေးနဲ့လို့ပြောပေးပါဦး အစားအသောက်အတွက်ကရော သူတို့ကိုယ်တိုင်လုပ်မှာလား ဒီဘက်ကတာဝန်ယူပေးရမှာလား"

"ဒီဘက်ကပဲ တာဝန်ယူပေးဖို့ပြောထားတယ် မစားတဲ့ဟာမရှိဘူးတဲ့"

"အိုခေ စားဖိုဆောင်ကို ညလှည့်ပြောလိုက်မယ် ည မနက်စာသွားစားမလို့ အစ်မ ခဏစောင့်ပေးပါဦး"

"အိုခေ အိုခေ"

Reception နဲ့ စားဖိုဆောင်ကနည်းနည်းလှမ်းတာကြောင့် ငါးမိနစ်လောက်တော့ လမ်းလျှောက်ရ၏။ သို့သော် ဖြတ်လျှောက်ရသည့်နေရာက တရုတ်စံကားပင်တန်းတွေကြားကလမ်းကလေးဆိုတော့ အချိန်ကုန်သွားမှန်းတောင်မသိသာလိုက်ပေ၊ တရုတ်စံကားပွင့်တွေမရှင်းရသေးတဲ့အချိန်ဆိုရင် မြက်ခင်းတွေပေါ်မှာပန်းပွင့်ဖြူဖြူတွေပြန့်ကျဲနေတာဟာ ကြည့်လို့ကောင်းလွန်းလှ၏။

"ဒီနေ့ breakfast ဘာလဲ အန်တီစု"

"ဒီနေ့တော့ အထက်စာလေးပေါ့ ငါးမျှစ်ချဉ်ခေါက်ဆွဲ၊ ဘရာကြော်ပူပူလေးနဲ့ဖက်ထုပ်ပေါင်းလေး ညရဲ့တီတီတောင်စားသွားပြီ ကောင်းလွန်းလို့တဲ့ အန်တီစုစားပွဲပေါ်မှာပြင်ထားတယ် သွားစားတော့"

ထမင်းစားပွဲပေါ်က မျှစ်ချဉ်ခေါက်ဆွဲကိုကြည့်ကာ ညငေးငိုင်သွားခဲ့မိ၏။ အလိုအလျောက်တုံ့ပြန်နေသည့်အလား မစဉ်းစားချင်သည့်မှတ်ဉာဏ်တွေက အမှတ်သညာကောင်းလွန်းလှသလို မေ့မရခဲ့ပေ၊ တစ်ကွက်စီပြန်ပေါ်လာသော မှတ်ဉာဏ်မြင်ကွင်းတွေက ညကို အသက်ရှုကြပ်စေပြန်၏။ စွဲလမ်းစရာ ပုံရိပ်တွေကိုမေ့ပျောက်ဖို့ထက် နေသားကျသွားဖို့ကို ဒီကာလအတောအတွင်းမှာ ည အတော်ကြိုးစားနေခဲ့ရသည်။

Summer NightWhere stories live. Discover now