21

1.7K 174 8
                                    

အိမ်ထဲကနေခြေဦးတည့်ရာသို့သာပြေးထွက်လာခဲ့လိုက်တော့သည်..ရင်ထဲကအပူမီးကို အပြင်မှာရွာနေတဲ့မိုးကငြိမ်းအောင်မစွမ်းဆောင်နိုင်ဘူးလေ..လမ်းမထပ်မိုးရေတွေနဲ့တူတူငိုကြွေးမိနေသည်..

Tae pov: UJay ဗျာ ကျွန်တော်ကိုချစ်တယ်ဆို ချစ်တယ်ဆို! လိမ်တယ် UJay လိမ်တယ် ကျွန်တော်ကို ချစ်တယ်ဆိုပြီး လိမ်တယ် ကျွန်တော်ရင်ထဲ နည်းနည်းလေးတောင်ဝင်မကြည့်ဘူးဗျာ ကျွန်တော် UJay ကိုအရမ်းချစ်တာလေဗျာ!!!

Seokjin အိမ်ပြန်ရောက်တော့သားဖြစ်သူပြန်ရောက်နေပြီထင်ကာ အိမ်ပေါ်ထပ်သို့တက်ကြည့်သော်သားဖြစ်သူကရှိမနေ..မိုးတွေဒီလောက်ရွာနေတာ ဘယ်တွေများသွားနေပါလိမ့်ဆိုပြီး စိတ်ပူရပြန်သည်..

" ဘယ်တွေသွားနေတာလည်းမသိဘူး ဒီကလေး မိုးတွေဒီလောက်ရွာနေတာကို "

....

Taehyung အိမ်ထဲက ထွက်သွားသည့်တိုင် အိမ်ရှေ့တံခါးဝမှာအကြာကြီးရပ်နေသေးတဲ့ UJay.. Taehyung ပြောသွားတဲ့စကားတွေကို အကြိမ်ကြိမ်နားထဲကြားယောင်နေသည်..

" ကျွန်တော်ထက်ပိုပြီးတော့လား UJay "

Jk pov: မဟုတ်ဘူး ကလေးငယ် မဟုတ်ဘူး မင်းကို မင်းကို UJay ပိုချစ်တယ် မင်းကိုပိုချစ်ရတာပါကွာ..

အသက်မဲ့နေသလို ခန္တာကိုယ်ကြီးဖြင့် အိမ်ထဲသို့ ပြန်ဝင်လာချိန် suga ဟာ ဒေါသဖြင့် Jungkook ကိုထိုးရန် လက်သီးလက်မောင်းတန်းလို့ လျှောက်အလာမှာ သူရှေ့မှာတင်လဲကျသွားတာကြောင့် ထိုးဖို့ရွယ်ထားကာကနေ လှမ်းပွေ့လိုက်ရတော့သည်..

" ဟေ့ရောင် ဟေ့ရောင်!!!"

အတိုက်အခိုက်လည်းကောင်းသလို ကိုယ်ခံအားလည်းကောင်းတဲ့ Jungkook ဟာ ခုချိန်မှာတော့ သူ့ရဲ့လက်ထဲ အမွှေးပွအရုပ်လေးလိုပျော့ခွေကျနေသည်..ချက်ချင်းဆိုသလို မျက်နှာတခုလုံးဖြူဖွေးစွပ်ကျသွားပြီ သွေးမရှိတော့တဲ့လူတယောက်လိုဖြစ်သွားသည်..Suga ရဲ့ အော်သံကြောင့် တပည့်တွေလည်းရောက်လာကာ ပွေ့ချီကာ အခန်းထဲသို့ခေါ်သွားရတော့သည်..

#nuna အမြန်လာပေးပါ Jungkook မေ့လဲသွားပြန်ပြီ

#အေးအေး ငါအခုထွက်ခဲ့မယ်

U JayWhere stories live. Discover now