(Unicode)
တစ်ညလုံးပြန်မလာတဲ့ထယ်ယောင်းဟာ နောက်တစ်ရက်နေ့လည်ကျမှ ပြန်ရောက်လာခဲ့ပြီးတော့ ယွန်းဂီမထင်မှတ်ထားတဲ့စကားကို ပြောလာခဲ့တယ်...။
"ဘာပြောတယ်...!!! ကွာရှင်းမယ်ဟုတ်လား...??"
"ဟုတ်တယ်... ယောင်းဆုံးဖြတ်ပြီးပြီ... အဲ့ဒါက ယောင်းတို့အတွက် အဆင်အပြေဆုံးနည်းလမ်းဖြစ်မှာပါ... ယောင်းခုလိုပြောရတာကလည်း ယွန်းဂီကို မချစ်လို့မဟုတ်ပါဘူး... လောကမှာချစ်ရက်နဲ့ဝေးနေရတဲ့လူတွေ အများကြီးရှိတာပဲကို"
ထယ်ယောင်းကတော့ သူ့ဆင်ခြေနဲ့သူဖြစ်နေပေမယ့် ယွန်းဂီကတော့ ထယ်ယောင်းကိုခုထက်ထိ မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေမိတယ်...။ ထယ်ယောင်းက ဘယ်အချိန်ကတည်းက ခုလိုသွေးအေးရက်စက်သွားတာလဲ...။ သူသိတဲ့ထယ်ယောင်းက စိတ်ထားနူးညံ့ပြီးတော့ သားလေးအတွက်လည်း ဖခင်ကောင်းတစ်ယောက် ဖြစ်ခဲ့တာလေ...။
"ယောင်းရဲ့အမေက ဘာတွေအကြပ်ကိုင်လိုက်လို့လဲ...?? ယောင်းဘာသာဆို ခုလိုဆုံးဖြတ်မှာမဟုတ်ဘူးမလား"
"မေမေနဲ့မဆိုင်ပါဘူး... ယောင်းက အဖြစ်သင့်ဆုံးနည်းလမ်းကို ရွေးချယ်လိုက်တာပါ... ကလေးကို ယွန်းဂီပဲခေါ်ထားမယ်မလားဟင်...?? ယောင်းတို့ဘက်က လစဉ်စရိတ်ပေးပါ့မယ်... ပြီးတော့ ယောင်းပြန်ရောက်လာတဲ့အခါ ခဏတဖြုတ်တော့ပေးတွေ့ပေါ့"
"တော်တော့ ကင်မ်ထယ်ယောင်း... မင်းကိုယ်တိုင်မွေးထားတဲ့ကလေးကိုတောင် ခုလိုသံယောဇဉ်ဖြတ်နိုင်နေမှတော့ ကလေးစရိတ်လည်း ပေးနေစရာကိုမလိုဘူး... ငါ့သားကိုငါကျွေးမွေးစောင့်ရှောက်နိုင်တယ်.. အခုကွာရှင်းချင်တာမလား... ဖြစ်စေရမယ်"
ယွန်းဂီက တော်တော်လေးစိတ်ဆိုးသွားတာပင်...။ အရင်ကဆို ရန်ဖြစ်တိုင်း ထယ်ယောင်းဘက်ကသာ အော်ကြီးဟစ်ကျယ်သောင်းကျန်းတတ်တာပါ...။ အခုတော့ ယွန်းဂီရဲ့အော်သံကြောင့် ကလေးကပါလန့်ပြီး အော်ငိုလေတယ်...။ ယွန်းဂီကတော့ ကလေးကိုပွေ့ချီခေါ်ပြီး အိမ်ထဲကနေထွက်သွားတော့တယ်...။
ကလေးရဲ့ငိုသံကိုကြားရတဲ့အခါ ထယ်ယောင်းရဲ့ရင်ထဲနာကျင်ရတယ်...။ သူကိုယ်တိုင်မွေးထားတဲ့ကလေးကို မချစ်ဘဲနေပါ့မလား...။ ဒါပေမယ့် သူရွေးချယ်ထားတဲ့လမ်းကို အဆုံးထိလျှောက်ချင်တယ်...။ သူက ကလေးထိန်းရင်း ဘဝကိုဖြတ်သန်းရမယ့် သာမန်အိမ်ထောင်ရှင်တစ်ယောက် မဖြစ်ချင်ပါ...။ လူပုံအလယ်မှာ ထင်ရှားကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ချင်မိတယ်...။

VOUS LISEZ
Unstoppable Marriage (Completed)
FanfictionA successful marriage requires falling in love many times, always with the same person. But if not, become unstoppable marriage.