မျောလွင့်ကျောင်းဆောင်က ရွှမ်ရှုဂိုဏ်းသားတွေ လေ့ကျင့်တဲ့ နေရာပဲ။
ကျောင်းဆောင်မှာ အထပ်တစ်ရာရှိပြီး တစ်ခုချင်းစီမှာ စိတ်ကူးယဉ်လှည့်စားမှုတစ်ခုစီရှိတယ်။ အဲဒီလှည့်စားမှုတစ်ခုကို ကျော်ဖြတ်နိုင်မှ နောက်တစ်ထပ်ကို တက်လို့ရမယ်။ ခက်ခဲမှုကတော့ အထပ်ပေါ်မူတည်ပြီး ဆင့်ထားတယ်။ အထပ်တိုင်းမှာ မရေမတွက်နိုင်တဲ့ တစ္ဆေတွေ ဝိဉာဉ်တွေပိတ်မိနေတယ်။ ကျောင်းဆောင်ထဲက ပြောင်မြောက်လှတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ စိတ်လှည့်စားမှုတွေကတော့ အပြင်မှာတကယ်ခံစားနေရတဲ့အတိုင်းဖြစ်အောင် ဖန်တီးထားတာ။
“ငါ မင်းတို့အတွက် အထပ်ကို ရွေးထားပြီးပြီ။ မင်းတို့ တိုက်ရိုက်တစ်ခါတည်းဖွင့်လို့ရတယ်”
ထျန်ရှန်းဇီက ဆိုလိုက်တယ်။ “အထပ်လေးဆယ်က ကျိုက်ရှင်းဆောင်ကြာမြိုင်ပဲ။ အဲဒါက ရွှေအမြုအတေအဆင့် ကျင့်ကြံခြင်းသမားတွေအတွက် အသင့်တော်ဆုံးလို့ ပြောလို့ရတယ်။ မင်းတို့ ကြိုးစားကြည့်ဖို့ စိတ်ဝင်စားကြလား သိချင်မိတယ်”
“ကျိုက်ရှင်းဆောင်ကြာမြိုင်”လို့လည်း နင်းနင်းကြားလိုက်ရော မျက်ခုံးပင့်လိုက်မိလေရဲ့။
မူလဝတ္ထုထဲမှာ မူလနင်းနင်းကလည်း အဲဒီသရဲအိမ်ကို ဝင်သွားခဲ့တယ်။
အဲ့နေရာမှာပဲ ခေါင်းကွဲတဲ့ထိ ဆိုးဆိုးဝါးဝါးအရိုက်ခံရပြီး အပြင်ကိုဆွဲထုတ်ခံခဲ့ရတာ။ လတစ်ဝက်လောက် အိပ်ယာထဲ လဲသွားသေး။
=====
ပုံရိပ်ယောင်လောက။ ကျိုက်ရှင်းဆောင်ကြာမြိုင်။
ကြယ်ရောင်နဲ့ လရောင်လေးတွေက မြစ်ရိုးတစ်လျှောက်ကို ပက်ဖြန်းနေတယ်။ ပန်းလှေလေးတွေက မြစ်ပြင်ကျယ်ကိုဖြတ်သန်းသွားကြပြီး အဆိုတော် မိန်းကလေးတစ်ယောက်ရဲ့ စွဲမက်ဖွယ်အသံက လေနဲ့အတူ ပျံ့လွင့်လာတာကြောင့် ကြားရသူကြက်သီးထစဖွယ် ဖြစ်နေလေရဲ့။
မြစ်ဘေးက အဆောက်အဦးတွေမှာ အထပ်တွေက မရေမတွက်နိုင်အောင်ပဲ။ အကွေးပုံ တံခါးဝိုင်းတွေနဲ့ ပန်းပုထွင်းထားတဲ့ တိုင်တွေပေါ်ကို လရောင်က ကျရောက်နေတာမို့ ထုပ်တန်းအထိ လင်းနေတယ်။ အလင်းရောင်မှိန်ဖျဖျလေးက ပြတင်းပေါက်ဝိုင်းလေးကနေ တိုးဝင်နေပြီး အဆောက်အဦးတစ်ခုလုံးကို မြူငွေ့ပါးပါးလေး လွှမ်းခြုံထားလေရဲ့။

ВЫ ЧИТАЕТЕ
တလွဲလုပ်ပြီးတဲ့နောက် မင်းသားရဲ့လရောင်ဖြူလေးဖြစ်သွားတယ်
Любовные романыနင်းနင်းက ကျင့်ကြံခြင်းဝတ္ထုတစ်ခုထဲကို အယုတ်တမာ ဆရာတူညီမလေးအနေနဲ့ ဝိဉာဉ်ကူးလာတယ်။ သူမ အသက်ရှင်ချင်ရင် ဇာတ်ကြောင်းအတိုင်းလိုက်နာဖို့လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သေလမ်းရှာရမယ်။ ပစ်မှတ် နံပါတ် ၁ : စေတနာသဒ္ဓါတရားထက်သန်တဲ့ ဂုဏ်သရေရှိ ဆရာတူအစ်ကိုကြီး ဆရာတ...