အပိုင်း (၈)

269 38 3
                                    

ပရိသတ်ကြီးကတော့ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမယ်ဆိုတာကို ပြောနိုင်နေပြီလေ။ နင်းနင်းကိုယ်တိုင်လည်း ဇာတ်လိုက်မင်းသားတစ်ယောက် သူ့ဘဝရဲ့အပြောင်းအလဲအချိုးအကွေ့ကြီးတစ်ခု ဖြစ်တော့မယ်ဆိုတာ သိနေပြီ။


ဓားရဲ့ အလင်းနဲ့ အမှောင်ရိပ်တွေကြားမှာ ပရိတ်သတ်ကြီးက ရုတ်တရက် ထအော်လိုက်လေရဲ့။ အချိန်ရောက်လာပြီပဲဆိုတာကို နင်းနင်းသိလိုက်တဲ့အတွက် ပရိသတ်တွေ ကြည့်နေတဲ့နေရာကို သူမလည်း လှမ်းကြည့်လိုက်တာပေါ့။


ပြိုင်ပွဲစင်မြင့်ရဲ့ အပေါ်နားမှာ အေးစက်တဲ့ အပြာရောင် ရှေးဓားတစ်ချောင်း ရှိနေလေရဲ့။ နေရဲ့အလင်းရောင်က သလင်းကျောက်လို ကြည်မြတဲ့ဓားကို အရောင်သွားဟပ်နေတာမို့ သိပ်ကိုကြည့်လို့ကောင်းနေတော့တယ်။


ဓားပေါ်မှာတော့ အမျိုးသားနှစ်ယောက်က ရပ်နေလေရဲ့။ နှစ်ယောက်လုံး အဖြူရောင်ဝတ်ရုံတွေကို ဝတ်ထားပြီး နှစ်ယောက်လုံး ချောမောလွန်းလှတယ်။


တစ်ယောက်က တောက်ပတဲ့မျက်ဝန်းအစုံနဲ့ ပြုံးနေပြီး ခပ်ပျင်းပျင်း အမူအရာတော့ရှိတယ်။


နောက်တစ်ယောက်ကတော့ နူးညံ့ညင်သာမယ့်ပုံလေး။ သားမွေးအင်္ကျီကိုဝတ်ထားပြီး နှင်းတွေကြားရပ်နေပုံက နတ်သားတစ်ပါးလိုပဲ။


ပရိသတ်တွေထဲက လူတစ်‌ယောက်က အံ့အားသင့်စွာနဲ့ ထအော်တော့တာပေါ့။


"ဒါ....အရှင်ထျန်ရှန်းနဲ့ ဆရာတူအစ်ကို မုန့်ကျွယ်မလား"


နင်းနင်းက အလင်းရောင်ကြောင့် မျက်မှောင်လေးကျုံ့ကြည့်လိုက်တော့ အမြဲပြုံးနေတဲ့တစ်ယောက်က သူမကို လက်ယမ်းပြလေရဲ့။


သူမ ဝန်မခံချင်ပေမယ့်လည်း အဲဒီ အူကြောင်ကြောင်နဲ့ တစ်ယောက်က သူမရဲ့ ဆရာပဲ။


သေချာပေါက် နတ်သားလိုလို ဘာလိုလိုနဲ့ တစ်ယောက်ကတော့ မုန့်ကျွယ်ပေါ့ရှင်။


ထျန်ရှန်းဇီဆိုတဲ့ အူကြောင်ကြားဆရာက ဘာမဆို သူ့လက်သူခြေပဲလုပ်တယ်။


သူ့ကို ရွှမ်ရွီဂိုဏ်းရဲ့ ပြယုဒ်အဖြစ်တောင် သတ်မှတ်ထားကြတာ။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ရက်ရှိရင် ရက်သုံးရာက ကမ္ဘာပတ်ပြီး ဓားကျင့်ကြံခြင်းအတတ်တွေ လိုက်သင်နေလို့လေ။

တလွဲလုပ်ပြီးတဲ့နောက် မင်းသားရဲ့လရောင်ဖြူလေးဖြစ်သွားတယ်Où les histoires vivent. Découvrez maintenant