အပိုင်း (၉)

712 82 9
                                    

မုန့်ကျွယ်က ဂိုဏ်းထဲမရောက်ခင်တုန်းကတော့ ကုန်သည်မိသားစုရဲ့ သူဌေးသားပေါ့။ ဒါပေမယ့် သူ့မိသားစုက အယုံလွယ်ခဲ့မိလို့ သူ ဆယ့်နှစ်နှစ်သားအရောက်မှာပဲ ဆိုးဆိုးရွားရွားသေခဲ့ကြရတာ။


သူ့အဖေရဲ့ အယုံကြည်ရဆုံးသူငယ်ချင်းက သူတို့ပိုင်ဆိုင်သမျှအရာအားလုံးကို လုယူသွားတာလေ။


မုန့်ကျွယ်အမေက သူမအသက်နဲ့ရင်းပြီး အချိန်ဆွဲထားခဲ့ပေးလို့သာ သူတို့ရဲ့ လူယုံအစေခံတစ်ယောက်က သူ့ကို အိမ်ထဲမှာ ဝှက်ထားနိုင်ခဲ့တာ။ ဒီလိုနဲ့ပဲ သေဘေးက လွတ်ခဲ့ရတာပေါ့။


အဲ့အချိန်ကစပြီး မုန့်ကျွယ်က ဘယ်သူ့ကိုမှ မယုံတော့ဘူး။


သူက လူတိုင်းအပေါ် စကားချိုချိုလေးတွေပြောပြီး ကောင်းကောင်းဆက်ဆံတတ်ပေမယ့် သူ့စိတ်ရင်းအမှန်ကိုတော့ ဘယ်သူ့ကိုမှမပြဘဲဖုံးကွယ်ထားခဲ့တယ်။


တစ်ယောက်ယောက်က ဒီနေ့ပဲ သူ့ကိုချီးကျူးလိုက်တာနဲ့ နောက်နေ့လည်းရောက်ရော သစ္စာဖောက်ခံရတော့တာပဲ။


ဆိုတော့ကား စောင်ကြွားကြွားနိုင်တဲ့ ဒီခန္ဓာကိုယ်ပိုင်ရှင်ကို သူ ဘယ်လောက်မုန်းမလဲဆိုတာ တွေးကြည့်လို့ ရပါတယ်။


နင်းနင်းက သူ့ကိုစကားမပြောခင် အတွေးတွေကို စုစည်းလိုက်တယ်။


"ဆရာတူအစ်ကို"


သူမတို့က အစပိုင်းမှာတော့ သိပ်ပြီး အဆက်အဆံမရှိကြဘူး။ မုန့်ကျွယ်က သူမကို အလိုလိုက်ခံထားရလို့ မာန်တက်နေတဲ့ ဆရာတူညီမလို့ပဲ သတ်မှတ်ထားတာ။ စစချင်းမှာတော့ သူမအပေါ်မှာ ချစ်တာရော မုန်းတာရော မရှိဘူး။


ဒီတော့ သူက သူမကို ပြုံးပြတယ်။


"ဆရာတူညီမလေး နင်းနင်းပါလား။ ဆရာက ထွက်မသွားခင်မှာခဲ့သေးတယ်။ ညီမလေးကို ဓားစွမ်းရည်တက်တာအောင် ရနိုင်သမျှ ကောင်းကောင်းလေ့ကျင့်ပါတဲ့"


သူမ အပြင်တပည့်ကို ရှုံးခဲ့တဲ့အကြောင်းပြောနေတာပဲ။


နင်းနင်းကလည်း ခေါင်းလေးငြိမ့်ပြလိုက်ပါတယ်။ ငါတော့ လူယုတ်မာမကြီး လုပ်ရတော့မှာပဲ ဝါးဟားဟားဆိုပြီး။ တကယ်လည်း သူမခေါင်းထဲကနေ အသံမြည်လာတယ်လေ။

တလွဲလုပ်ပြီးတဲ့နောက် မင်းသားရဲ့လရောင်ဖြူလေးဖြစ်သွားတယ်Donde viven las historias. Descúbrelo ahora