အချိန်က11:45
ဧည့်သည်တွေအကုန်ဆိုင်ရာအခန်းတွေစီပြန်ကုန်ကြပြီ။
"မား ကျွန်တော်လဲပြန်နားတော့မယ်နော်"
"အေး အေး"
Zuo Hangတစ်ယောက်အခန်းကိုပြန်နေသည့်လမ်းမှာပင်ဖုန်းထဲကိုmessagesတစ်ခုဝင်လာသည်။
Zuohang လဲချက်ချင်းဘဲဖွင့်ကြည့်လိုက်ချိန်Zuohangမျက်စိတွေမှာမယုံကြည်မှုတို့ပြည့်နှက်နေသည်။
အကြောင်းမှာသူ့စီရောက်လာတဲ့messagesကZhang jiပို့ထားတဲ့ပုံတစ်ပုံပင်။အဲ့ပုံထဲမှာသူနဲ့မနက်လေးတင်ကမှစေ့စပ်ပွဲလုပ်ထားတဲ့သူ့အရမ်းချစ်ရတဲ့Zeyuကသူစတွေ့တည်းကမုန်းနေရတဲ့Zhang Jiရင်ခွင်ထဲရောက်နေတာ။အဲ့တာတင်မကZeyuရဲ့လည်တိုင်မှာလဲအနီကွက်တချို့နဲ့ခန္ဓာကိုယ်တဝက်ဘဲပါတာဝောာင်ကိုက်ရာတွေနဲ့အညိုရောင်သန်းနေတဲ့အကွက်တချို့ကိုကြည့်ခြင်းအားဖြင့်သူတို့နှစ်ယောက်ရဲ့အခြေအနေကိုZuohangရိပ်မိလိုက်သည်။
ZeyuကSuSuတို့နဲ့ပေါင်းအိပ်မှာမို့အခုပုံထဲကအခန်းဟာZhangjiအခန်းဆိုတာသေချာနေသည့်အတွက်Zuohang Zhangjiအခန်းကိုသွားရန်ဦးတည်လိုက်သည်။
ဒေါက်ဒေါက်ဒေါက်!
ဒေါက်ဒေါက်
6ခေါက်မြောက်မပြည့်ခင်မှာဘဲအခန်းတံခါးကပွင့်လာသည်။
"ဖြေးဖြေးပေါ့ကွာ မင်းကလဲလောလိုက်တာ"
ခွက်!
Zuohangကတော့ဘာမှပြန်မပြောဘဲတံခါးလာဖွင့်တဲ့Zhang jiတစ်ချက်ဆွဲထိုးလိုက်သည်။
အနည်ငယ်ယိုင်သွားတဲ့Zhangjiကိုမသေမသပ်ဝတ်ထားတဲ့အင်္ကျီေကာ်လံကိုတင်းနေအောင်ဆုပ်ထားကာအဆက်မပြတ်ထိုးနေတော့သည်။
Zhangjiဘက်ကတော့Zuohangအတွက်မခံချင်စရာကောင်းလှတဲ့အပြုံးအပြင်ဘာမှတန်ပြန်မလုပ်။"အ"
Zeyuတစ်ယောက်အပြင်မှာဖြစ်နေတဲ့အသံတွေကြောင့်နိုးလာရသည်။သို့သော်တော်ရုံနဲ့မျက်စိမဖွင့်နိုင်သေးတဲ့အပြင်တကိုယ်လုံးကလဲတူနဲ့အထုခံထားရသည်ဟုပင်ထင်ရလောက်သည်။အထူးသဖြင့်ခါးကနေစပြီးအောက်ပိုင်းတစ်ခုလုံးကထုံကျဉ်နေသည်။ခေါင်းတွေလဲတော်တော်လေးကိုက်နေသည်။
![](https://img.wattpad.com/cover/368185348-288-k591626.jpg)