Part 19(Final)

155 11 1
                                    

Porsche ဖုန်းရှိရာကိုပြေးသွားကာ နံပါတ်တွေကို အလျင်စလိုနှိပ်သည်။
ခြေတုန်လက်တုန်နှင့်မို့ ဖုန်းက တော်တော်နဲ့ခေါ်လို့မရ။


"(....)ရုံးကလားဟင်"


"ဟုတ်ပါတယ်"


"ကျွန်တော် Khun Vegasနဲ့ တွေ့ချင်လို့ပါ"


"ဟုတ်ကဲ့ ခဏကိုင်ထားပါ"


Porsche စောင့်နေရတဲ့အချိန်တွေကို ဒေါသဖြစ်လို့မဆုံး။
အရှိန်မြန်မြန်နှင့် မောင်းသွားသောဆိုင်ကယ်ဟာ ခုလောက်ဆို ဘယ်‌လောက်ရောက်နိုင်မလဲ။
Kinnတစ်ယောက် Vegasရှိတဲ့နေရာကို သိနေလို့လား။
Kinn မသိလောက်ပါဘူး။သူ တစ်ခုခုကို စုံစမ်းနေဦးမှာပါ။


နာရီကိုလှမ်းကြည့်လိုက်တော့ ည(၇)နာရီခွဲနေပြီ။


"Hello"


"ဟုတ်ကဲ့ ကျွန်တော်စောင့်နေပါတယ်"


"Khun Vegas အပြင်ခဏထွက်သွားပါတယ်၊ ပြန်လာရင် ဘာပြောပေးရမလဲဗျ"


"ဟင်"


Porsche ရင်ထဲ ထိတ်ခနဲလန့်သွားသည်။
Kinnနဲ့ အပြင်မှာများ သွားတွေ့နေပြီလား။


"ဒီ..ဒီမှာဗျ.. သူသွားတဲ့နေရာကိုသိရင် ကျေးဇူးပြုပြီး သွားခေါ်ပေးပါလားဟင်၊ ဒီမှာ သေရေး‌ရှင်ရေးလောက်ကို အရေးကြီးနေလို့ပါ၊ Porscheဆက်တယ်လို့ ပြောပေးပါနော်"


"ဗျာ.. Porsche.. Porsche ဟုတ်လား"


"ဟုတ်ပါတယ်"


"ခေါ်ပေးမယ် ခေါ်ပေးမယ်.. ခဏလေးစောင့်ပါ"


စိတ်ကလောနေသည်မို့ စောင့်ရဦးမယ့်အချိန်အတွက် မျက်ရည်က ဝဲတက်လာပြန်သည်။


Kinn.. သူ မရောက်ပါစေနဲ့။
Kinnကို လုံးဝမသေစေချင်ဘူး။
Kinnကို ဘဝတစ်လျှောက်လုံးအတွက် လိုအပ်တယ် လိုချင်တယ်။
Kinnကို အဆုံးရှုံးမခံနိုင်တာပဲဆိုတာ သိတဲ့အချိန်က နောက်ကျခဲ့ပြန်ပြီလား။


လူတစ်ယောက် သေဆုံးသွားတော့မှ ချစ်တတ်လာရတဲ့အဖြစ်က နှစ်ကြိမ်ဆက်တိုက်ဖြစ်လာဦးမယ်ဆိုရင်..


ဟင့်အင်း.. အဲ့လိုဖြစ်လို့မရဘူး။


"ပါပါး"


My Ex Husband's Twin Became My AlphaWhere stories live. Discover now