Part-15(Uni)

46 7 0
                                    

တိမ်မဲများအုံ့နေသည့်နေ့တစ်နေ့ Grand Hotelကြီးထဲကမဂ်လာပွဲတွင် အထက်တန်းလွှာကဂုဏ်သရေရှိ လူကြီးတွေပြည့်နေသည်။ ခမ်းနားကြီးကျယ်လှတဲ့မဂ်လာပွဲရဲ့နောက်ကွယ်မှာ ဘယ်လိုအဆိပ်သင့်နေလဲဆိုတာ ကာယကံရှင်တွေပဲအသိဆုံးပါ။

Phoenix Master(ခ)မောင်ဇာမဏီ+   ဒေါက်တာလဝန်းဧကရီ

ခမ်းမကြီး၏လျှောက်လမ်းဘေးမှာထိုင်နေသော ဧည့်သည်တော်များက သတို့သားနှင့်သတို့သမီးကိုစောင့်နေကြသည်။ ခနကြာတော့ အနက်ရောင်Suitကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး စတိုင်ကျကျအနောက်ကိုလှန်သပ်ထားသောဆံပင်က သတို့သားနှင့်တော်တော်လေးလိုက်ဖက်နေသည်။ 6ပေရှိသောအရပ်နှင့် အနက်ရောင်လည်သာဖိနပ်တို့ကလည်း တောက်ပြောင်ပြီး ခန့်နေသည်။ ထူးထူးခြားခြားဘာမှမလိမ်းမခြယ်ဘဲ နောက်လှန်ထားသောဆံပင်တို့ကမေးရိုးကိုထင်းနေစေပြီး Suitအပြည့်နဲ့တင် Phoenixရဲ့သြဇာအာဏာကြီးပုံကိုထပ်ပြောစရာမလိုလောက်အောင် ဆွဲဆောင်မှူကောင်းနေသည်။ ဧည့်သည်တွေထဲက လူကြီးလူငယ် ယောကျာ်းမိန်းမ မချန်ငေးမောလွန်းလှအောင် ဆွဲဆောင်သည်။

"သတို့သမီး ကြွရောက်လာပါပြီ"

ခမ်းမကြီး၏တံခါးဖွင့်လာပြီး သေးသေးဖြူဖြူနဲ့ဆရာဝန်မလေးက ထည်ထည်ဝါဝါအဖြူရောင်ဂါဝန်အောင်ဝတ်ဆင်ထားသည်။ ပြီးပြည့်စုံတဲ့အလှပိုင်ရှင်ဖြစ်တာမို့ အရမ်းပြင်ဆင်စရာမလိုဘဲ ပါးပါးကြည်ကြည်မိတ်ကပ်လေးနဲ့ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားတဲ့ဆံပင်ပေါ်မှာ စိန်သရဖူလေးဆောင်းထားသေးသည်။ မျက်တောင်ရှည်ရှည် နှုတ်ခမ်းဖူးဖူးလေးနှင့် နီနီရဲရဲပါးလေးတွေက ထိုကောင်မလေးရဲ့အားသာချက်တွေလို့ဆိုနိုင်သည်။ သတို့သားနှင့်သတို့သမီးက ဘာမှပြောစရာမလိုအောင် လိုက်ဖက်လွန်းနေသဖြင့် အခမ်းနားတစ်ခုလုံးတိတ်ဆိတ်နေပြီလေ။ သာယာငြိမ့်ငြောင်းတဲ့ တီးလုံးသံလေးနဲ့ တစ်လှမ်းချင်းလျှောက်လာတဲ့ လဝန်းလေးကိုကြည့်ရင်း မုန်းလှပါပြီတဲ့ Phoenix အမုန်းတွေကိုခနဘေးထားတာ အပြုံးရေးရေးလေးပြုံးမိသည်။ နှင်းဆီပန်းတွေကိုကိုင်ထားတဲ့လဝန်းလက်တို့အနည်းငယ်တုန်နေကာ မျက်လွှာလေးကိုချထားမိသည်။ လဝန်းဒီလူကိုသဘောကျတယ်။ ဒါမယ့်ဒီလက်ထပ်ပွဲက အငြိုးတရားနဲ့လက်စားချေခြင်းတို့ကြောင့်ဖြစ်လာတာမို့ မျက်လွှာကိုမော့မကြည့်ရဲလေဘူး။အနီးနားရောက်ခါနီး တစ်လှမ်းအလို Phoenixရဲ့သန်မာသောလက်တစ်ဖက်က လဝန်းရဲ့ ခါးသေးသေးကိုဆွဲပြီး သူ့ရင်ဘက်ကျယ်ကျယ်ဆီဆွဲကပ်လိုက်လျှင် လဝန်းခါးသေးသေးက Phoenixရဲ့လက်ဖဝါးကြီးကြီးအောက်မှာ နှစ်မြှုပ်သွားသည်။

"ဝိုး"

အခမ်းနားတစ်ခုလုံး အာမေဋိတ်သံတွေအပြည့်နှင့်။ ထို့နောက်လဝန်းနားနားလေးကိုကပ်ပြီး

"ခင်ဗျား အဖေကိုကြည့်လိုက်"

လဝန်း အဖေဖြစ်သူကိုလှမ်းကြည့်တော့ အခမ်းနားရဲ့တိုင်လေးဘေးမှာ မျက်နှာငယ်စွာနဲ့ အားမမျှစွာကြည့်နေမိသည်။သူလုပ်ခဲ့တဲ့အပြစ်တွေကို သူသေချာပေါက်ခံရတော့မည်လေ။

"ကင်မရာတွေရှိတယ် လှလှလေးနေ ပြီးရင်ငိုရတော့မှာမလို့"

ပြောပြီး လဝန်းခါးကို အတ္တကြီးစွာလက်တစ်ဖက်ကတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။

ညရောက်သော်

ကုတင်ပေါ်က ခေါင်းအုံးတစ်ခုကို ကြမ်းပြင်ပေါ်ပစ်ချရင်း

"အဟမ်း ဘာလဲ?မင်းကငါ့ကုတင်ပေါ်တက်ရလောက်အောင် မင်းထဲစီးဆင်းနေတဲ့သွေးတွေက အောက်တန်းမကျလွန်းတယ်မထင်ဘူးလား ဒေါက်တာ"

Phoenixကပြောတော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ လူကိုလှမ်းကြည့်လာပုံက သနားစရာ။ Phoenixမျက်နှာလွှဲပြီး ကုတင်တက်ကာ အိပ်လိုက်သည်။ လဝန်းလဲ ကြမ်းပြင်ပေါ်ကခေါင်းအုံးလေးကို သေချာချပြီး အေးအေးစက်စက်မာကျောတဲ့ကြမ်းပြင်ပေါ် လဲချလိုက်သည်။

7.2.2025
နည်းနည်းကြာသွားလို့တောင်းပန်ပါတယ်။ဘာဖြစ်လို့မသိဘူး ဒီမှာစာရိုက်လို့မရဘူး။ဒါTgမှာရိုက်ပြီး Copyလာတာပါလို့။🥺ကျေးကျေးပါ။

အတ္တတို့စေညွုန်ရာ (Ego)Where stories live. Discover now