*1*

3.8K 262 1
                                    

မနက်​ 5နာရီ:

နံနက်​​စော​စော​ဆောင်းရဲ့​ချမ်း​အေးတဲ့အ​ငွေ့အသက်​​တွေ​ကြောင့်​​ပတ်​ဝန်းကျင်​မှာလဲတိတ်​ဆိတ်​ပြီးအားလုံးနှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​မောကျ​နေတဲ့အချိန်​​ပေါ့..လင်းကြက်​လဲမတွန်​နိုင်​​သေး..အချမ်းဓာတ်​​ကြောင့်​​ကွေးလို့​ကောင်း​နေတယ်​ထင်​ပ!

ဒီအချိန်​​ကောင်း​လေးမှာသာယာမှုဖျက်​တယ်​လို့ပဲ​ခေါ်မလား​...Mrs.Xiao တစ်​​ယောက်​​စော​စောစီးစီးသမီးဖြစ်​သူကိုနိုး​နေ​လေရဲ့

"Xiao Lu ထ..ထ..သမီး​လေး..သမီး​ရေ"

"အင်​..Mama သမီးထမင်းမစား​သေးဘူး..ဆက်​အိပ်​လိုက်​ဦးမယ်​"

"အယ်​..ဒီ​က​လေး​မတော့ ​ယောင်​​နေပြန်​ပြီ..အိပ်​ချင်​မူးတူးနဲ့ဘာ​တွေ​ပြော​နေတာလဲ? Mama ကထမင်းစားခိုင်း​နေတာမဟုတ်​ဘူး​လေ..အိပ်​ရာထ​တော့လို့"

"ဟာ..Mama ကလည်း Lu 5မိနစ်​​လောက်​ပဲဆက်​အိပ်​ပါရ​စေ"

"​ရော်​..Lu ​လေးရယ်​ လိမ္မာပါတယ်​..Mam​a လည်း​ဟင်းချက်​ရဦးမယ်​..သမီးကိုတက်​မနှိုးနိုင်​​တော့ဘူး..ထပါကွယ်​"

"ဟင်းးးးးးးး Mama..ထပါ့မယ်​ ထပါ့မယ်​..ဟူး..High School လဲမြန်​မြန်​ပြီးမှပဲ..အိပ်​​ရေးကိုပျက်​တယ်​..​အ​စောကြီး​တွေထပြီးစာလုပ်​ရတယ်​"

"အင်းပါLuရယ်​..High School final ပြီးလို့သမီးတက်​ချင်​တဲ့​ဆေးတက္ကသိုလ်​တက်​နိုင်​သွားရင်​ဒီလို​တွေပင်​ပန်း​တော့မှာမဟုတ်​ပါဘူးကွယ်​..ဒီမှာသာအမှတ်​​ကောင်း​ကောင်းရဖို့ကြိုးစားရမှာ"

"ဟုတ်​ပါပြီ Mama..Luလည်းမျက်​စိကျယ်​သွားပြီ..ထ​တော့မယ်

"အင်း..လိမ္မာလိုက်​တဲ့ Mama သမီး​လေး..."

••••••••••••••••••

"သား​ရေ HUN.."

"ဗျာ...​မေ​မေ ကျွန်​​တော်​ကနိုး​နေပြီဗျ..​ရေ​တောင်​ချိုးပြီးပြီ"

"​မေ​မေ့သားက​တော့​တော်​တယ်​ကွာ..လာပါဦး ​မေ့အသည်းတုံ​လေး"

Mrs.Oh သူ့ရဲ့လူပျို​ပေါက်​သားကိုချစ်​လိုက်​တာဆိုတာခုလည်း​မွေးကာစက​လေး​လေးတစ်​​ယောက်​လိုရင်​ခွင်​ထဲထည့်​ပြီးနမ်း​နေ​လေရဲ့

GUIDEWhere stories live. Discover now